Real life7

5.2K 452 32
                                    

ရှောင်ကျန့် မောင်ပြန်သွားတော့ တော်တော်နဲ့ အိပ်မရဖစ်နေတယ် မနက်ဖန် မောင်က သူ့ကိုလာစေ့စပ်မှာမလား ပီးတော့ သူ့မားတို့က သဘောတူပါ့မလားဆိုပီး သူတွေးနေမိတယ် နောက်ဆုံး သူစိတ်သက်သာရာရအောင် ကျဲဆီထွက်လာခဲ့တယ်
"ဒေါက် ဒေါက် ကျဲ အိပ်ပီလား ကျန့်ကျန့် ပါ ဝင်လာလို့ရမလား"
"ကလေးလား လာလေ ကျဲတံခါးဖွင့်ထားတယ် "
"ဟုတ် ကျဲ"

"ကျဲ ကလေးလေးက မအိ်ပ်သေးဘူးလား"
"အင်း အိပ်မပျော်လို​့ ကျဲကို တခုတိုင်ပင်စရာရှိလို့ အဲ့တာ"
"ပြောလေ ကလေးရဲ့ ဘာပြောချင်တာလဲ"
"ဟို ရိပေါ်နဲ့ ကျန့်ကျန့် နဲ့ချစ်သူတွေဖစ်နေကြတာ ကျဲသိလား"
"အင်း ကျဲရိပ်မိပါတယ် ဘာလို့လဲ"
"အဲ့တာ ရိပေါ်က ကျန့်ကျန့် ကိုမားတို့ရှိတုနး် မနက်ဖန် လာ​စေ့စပ်ချင်လို့တဲ့"



"အငး် အဲ့​တော့ ​ကလေးလေး​က မားတို့သဘောမတူမှာစိုးနေတာပေါ့ ဟုတ်လား"
"အင်း ကျဲ ရိပေါ်တို့လာမှ မားကသဘောမတူဆိုပီး ပြောရင် ဘလုိလုပ်မလဲ ပီးတော့ ပတ်ဝနး်ကျင်က ကျန့်ကျန့် တို့ကို"
"ရှူး ဒီမယ် ကလေး ပတ်ဝနး်ကျင်ပြောတာဆိုတာတွေကို ဂရုစိုက်စရာမလိုဘူး သူတို့က ကိုယ့်ထမင်းကိုစားပီး သူများအကြောင်းတွေ ပြောရတာကို နှစ်သက်တဲ့သူတွေ သူတို့ကတော့ ပြောနေမှာဘဲ အဲ့တာကို ကလေးက ထည့်တွက်စရာမလိုဘူး အဓိကက ကလေးစိတ်ချမ်းသာဖို့ ပျော်ဖို့ ကလေးက သူနဲ့ပျော်တယ် သူနဲ့လက်ထပ်ဖို့ အဆင့်သင့်ဖစ်နေပါပီဆိုရင် မိသားစုတစ်ခုတည်​ထောင်ဖို​့ လုံလောက်တဲ့ အရည်အချင်း တွေရှိနေပီဆိုရင် ကလေးလုပ်သင့်တယ် မားတို့လည်း တားမှာမဟုတ်ဘူး သူ့သားက ယောကျာ်းယူလို့ဆိုပီး ပြောနေမှာလည်းမဟုတ်ဘူး ဘယ်သူနေနေ ကိုယ်ရွေးချယ်တဲ့လမ်း ကိုယ်လျှောက်ရမှာဘဲ ​မားရဲ့စိတ်ဓာတ်ကို ကလေးသိမှာပါ လုပ်ရဲရင် ခံရဲရမယ် ဟုတ်တယ်မလား တွေးပူမနေပါနဲ့ သူ့ဟာနဲ့သူ အဆင်ပြေသွားမှာပါ ပီးတော့ ဝမ်ရိပေါ်က လူကောင်းလေးပါ ကျဲစိတ်ချပါတယ် ကလေးကို"

"ဟုတ် ကျဲနဲ့ ပြောမှ ကျန့်ကျန့် စိတ်ရှင်းသွား​တော့တယ် ကျေးဇူးပါ ကျဲ ပီးတော့ ကျန့်ကျန့် ကိုငယ်ငယ်ကတည်းက ပြုစုစောင့်ရှောက်ခဲ့တဲ့အတွက် ေကျးဇူးတင်ပါတယ်"
"ဒါတွေက ပြောစရာမလိုပါဘုး ကျဲမောင်လေးမို့လို့ ဂရုစို်က်ပီး ချစ်ပေးတာ ကျေးဇူးတင်စရာမလိုပါဘူး ကဲ သွားပီးအိပ်ချည်တော့ ဒါမှ မနက်ကျရင် လှနေမှာ"
"ဟီး ဟုတ် မနက်ကျရင် ကျန့်ကျန့် ဘက်က မားကိုကူပြောပေးအုံးနော် ​ကျဲကျန့်ကျန့်သွားပီ"
"အင်း ကလေး"



Cupid system(Completed)Where stories live. Discover now