ဟုန်ရှဲ့ အတွေးတွေကို အစဖြတ်ပီး ဧကရီ့ဆီကို ဝင်သွားလိုက်တယ် ရုတ်တရက် သူ့ရင်ခွင်ထဲပြေးဝင်လာတဲ့ အဖြူလုံးလေး
''အင့် အရှင် ရှင်းလေးဆီကို လာတာလားဟင် အရမ်းဝမ်းသာတာဘဲ ဟီး''
''အဟင်း လွှတ်ပါအုံး ဧကရီ သက်သာတယ်မလား''
''အွန်း သက်သာပါတယ် အရှင်ကလည်း ရှင်းလေးလို့ဘဲခေါ်ပါ ဧကရီလို့ မခေါ်နဲ့''
''အင်း ဟုတ်ပါပီ ရှင်းလေး ''''ဟိုလေ အရှင် ရှင်းဗိုက်ဆာလို့ အဲ့တာ''
''ဗိုက်ဆာတယ် ဟုတ်လား အပျိုတော်တွေ လာမပို့ဘူးလား''
''ဟင့်အင်း ရှင်းနိုးလာကတည်းက သသူ့မှမတွေ့ဘူး အဲ့တာ အရှင်နဲ့ နေ့လည်စာအတူတူစားချင်လို့ ရမလားဟင်''
''အင်း စားလေ ကိုယ်နဲ့ အတူတူစားကြတာပေါ့''
''ဟုတ်ကဲ့ အာ့ဆိုသွားရအောင်လေ အရှင်''''နေအုံး ဒီတိုင်းသွားမှာလား''
''အင်းလေ ဘာဖစ်လို့လဲအရှင်ကလည်း''
''ဝတ်ရုံကပါးလွန်းတယ် သွားထပ်ဝတ်ချည်ဦး''
''ဗိုက်ဆာလှပါပီဆိုမှ ဟွန့် ပီးတာဘဲ ဝတ်မယ် ဒါဆိုရပီလား''
''ရပီ သွားစို့''စားဖိုဆောင်ရောက်တော့
''ကိုယ့်တော်နဲ့ ဧကရီဖို့ နှစ်ယောက်စာ ပြင်လိုက်ပါ စားတော်ကဲ''
''ဟုတ်ကဲ့ပါ အရှင်မင်းကြီး''
''ထည့်စားလေ ရှင်းလေး ''
''အရှင်ထည့်ပေးပါလား ရှင်းမလုပ်တတ်လို့''
''ဟုတ်ပါပီ ကိုယ်လုပ်ပေးမယ်''
'အရန်ကော ကျန့်ကျန့်ရာ'
'မင်းကလည်း ဘာမှမသိဘဲနဲ့ တော်ကြာငါကော်လိုက်လို့ ပြုတ်ကျသွားရင် ဘလိုလုပ်မလဲ ငါဘဲ အရှက်ကွဲမှာ အခုလိုထည့်ပေးခိုင်းတော့ အေးရော'
'အပျင်းကြီးရင် ကြီးတယ်ပေါ့'
'ဘာဖစ်ဖစ် ဟွန့်'''စားလေ ရှင်း မကောင်းလို့လား''
''မဟုတ်ပါဘူး အရှင်ရဲ့ အများကြီးဆိုတော့ အံ့သြလို့ပါ''
''ဘာလို့အံ့သြနေတာလဲ ခါတိုင်းလည်း ဒီလိုဘဲမဟုတ်ဘူးလား''
''ဟင့်အငိး ရှင်း စားရင် အများဆုံး ငါးခွက်အပြင်မပိုဘူး စားနပ်ရိက္ခာချွေတာဖို့ ဆိုပီး နည်းနည်းဘဲလာပို့တာ ဟန်နိုင်ငံမှာဆိုရင်တော့ အခုလိုမျိုးဘဲ အများကြီးစားရပါတယ်ဟီး''
''တောက်စ် စားတော်ကဲနဲ့ စားဖိုဆောင်မှာ တာဝန်ကျတဲ့ အပျိုတော်တွေ အကုန်လာခဲ့ကြစမ်း'''အပြုံကြီးက ကြောက်ဖုတ်ကောင်းလိုက်တာ'
'မင်းမသိလို့ အားရှန့်ရ မူလကိုယ်က အရမ်းအနှိမ်ခံရတာ ထမင်းလည်း အချိန်မှန်မစားရဘူး လာပို့လည်း နည်းနည်းဘဲကျွေးတာ အာ့ကြောင့် ငါလက်စားချေပေးတာ ဘလိုလဲ တော်တယ်မလား'
'တော်ပါ့ ဟိုလူတွေတော့ အီစိမ့်နေမှာဘဲ ဟားဟား'
'ဟုတ်ပါ့ ဟားဟားဟား'