မင်ကျိုး စိတ်တွေလေးနေတာကြောင့် ဆွေးနွေးတာကို အမြန်ဖြတ်ပီး ကလေးဆီကို ပြန်လာခဲ့တယ် သူအခန်းထဲဝင်မလို့ လုပ်နေတုန်း တားနေတဲ့ juneကို တွန်းပစ်ပီး အခန်းထဲကို ဝင်လာတော့ ဘယ်ကမှန်းမသိတဲ့ လူလေးယောက်ရဲ့ အောက်မှာ ရုန်းကန်နေတဲ့ ကလေး
''ကလေး......''
''လူကြီး လုပ်ပါအုံး သူတို့တွေ ဘလိုဝင်လာလဲမသိဘုး ကျနော့်ကို ဟင့် ကျနော့်ကို ''
''စိတ်လျော့ ကလေး ဟိုခွေးကောင်တွေ မင်းတို့က ဘလို သတ္တိနဲ့ ငါ့ကလေးကို ထိရဲရတာလဲ အသက်မရှင်ချင်ကြတော့ဘူးထင်တယ် လာစမ်း ရွှမ်း ရွှမ်း ရွှမ်း ရွှမ်း ''လူကြီးရဲ့ ဓားချက်အဆုံးမှာ လဲကျသွားတဲ့ လူလေးယောက်ကို ကြည့်ပီး ရှင်းဟန် မဲ့ပြုံးလေး ပြုံးလိုက်တယ်
'သေကြစမ်း နွားအိုမြက်နု လာကြိုက်တာကိုး အဟက်'
'သရုပ်ဆောင်ကောင်းချက် ကျန့်ကျန့်ရယ်'
'ဘသူမို့လဲ ဒါနဲ့ ရှန့်ရှန့် အသံဖိုင်ကရော အဆင်သင့်လုပ်ထား ငါအချက်ပြရင် ဖွင့်လိုက်'
'ok ခ'''ကလေး ဒါဘလိုဖစ်ရတာလဲ ကိုယ်အရောက်မြန်လို့ပေါ့ မဟုတ်ရင်''
''အခု ဘာမှမဖစ်တော့ဘုးနော် စိတ်မပူပါနဲ့ လူကြီး ''
''ဒါ ဘသူလုပ်တာလဲ ကလေး ကိုယ့်ကိုပြောပြ''
''ဟို ဘသူမှမလုပ်ပါဘူး အဲ့လူတွေ ဘလိုရောက်လာတာလဲ ဆိုတာ ကလေးလည်းမသိဘူး''
''သူလိမ်နေတာ မင်ကျိုး တကယ်တော့ သူက မင်းမရှိတုန်း ဟိုလူတွေနဲ့ ခိုးစားဖို့လုပ်နေတာ မင်းအရောက်မြန်လို့ သူ့ကိုယ်သူ နစ်နာသူပုံဖမ်းလိုက်တာ''''ဟားဟား အဟား ဟက် ရယ်ရလွန်းလို့ သေတော့မှာဘဲ မင်းပြောရဲတယ် နော်june လိမ်မယ်ဆိုရင် ပိပိရိရိ လိမ်သင့်တယ် ငါသာ အဲ့လူတွေနဲ့ ခိုးစားချင်ရင် ငါ့အခန်းထဲမှာ မလုပ်ဘဲ ဟိုလူတွေဆီ သွားမှာပေါ့ ပီးတော့ ဟိုလူတွေငါ့ဆီလာတာ ခိုးစားဖို့ဆိုတာ မင်းကဘလိုလုပ်သိတာလဲ မင်းကအပြင်မှာမဟုတ်ဘူးလား မဟုတ်မှ ဟိုလူတွေ အခန်းထဲဝင်လာတာ မင်းခိုင်းတာများလား''
''မဟုတ်ဘူး မင်းလျှောက်ပြောမနေနဲ့ မင်ကျိုး သူလျှောက်ပြောနေတာ မယုံနဲ့''
''အဟက် တော်တော်ရီရတာဘဲ ငါမင်းကို ဒီလောက်ထိယုတ်လိမ့်မယ်လို့ မထင်ထားဘူး ငါ့ကိုသတ်ဖို့လုပ်တာတောင် ငါကခွင့်လွှတ်ပေးခဲ့တယ် အခု ငါနဲ့ လူကြီးကိုပါ ခွဲဖို့လုပ်တာကတော့ အရမ်းလွန်လွန်းနေပီထင်တယ်''