Arc5.3

8.3K 731 27
                                        

grey မနက်နှိုးစက်သံကြောင့် နိုးလာပေမယ့် နားညီးတာကြောင့် ပိတ်ပီး ပြန်အိပ်လိုက်တယ် ခနနေတော့ အားရှန့်ရဲ့ အာဗြဲသံကြီးက
'ကျန့်ကျန့်........ထတော့ ဘယ်ချိန်ရှိနေပီထင်လို့လဲ ရိုက်ကွင်းကစနေပီ'
'ဟမ် စနေပီလား ငါပြန်အိပ်တာ ခနဘဲရှိသေးတာကို'
'ချီးကိုခန သွားမျက်နှာသစ် အဝတ်လဲပီး ဂိုးတော့'
'အွန်း အွန်း'

grey မျက်နှာသစ် ပြင်ဆင် ကားငှါးပီးတာနဲ့ ရိုက်ကွင်းဆီကို ထွက်လာခဲ့တယ်
သူရောက်တော့
''အို ဇာတ်လိုက်တစ်ယောက်လုပ်နေပီး သူများထက်နောက်ကျပီးမှ ရောက်တယ်ဆိုတာ ကျန်တဲ့သူတွေကို အလေးမထားဘူးဆိုတဲ့ သဘောဘဲ အခုမှတက်သစ်စရှိသေးတယ် ဘဝမေ့ချင်နေပီထင်တယ် ဟုတ်တယ်မလား William ''
''အဲ့လိုမဟုတ်ပါဘူး အမbellaရယ် ကျနော်က အမတို့လို ကားနဲ့လိုက်ပို့မဲ့သူမရှိတော့ ကားငှါးပီးလာရတာမို့ပါ ပီးတော့ ကျနော့်အိမ်နဲ့ ကားမှတ်တိုင်နဲ့က အဝေးကြီးလျှောက်ရသေးတာမို့ပါ ကျနော်တမင်နောက်ကျချင်လို့ မဟုတ်ပါဘူး အားနာလိုက်တာ အမbellaကို စိတ်ဆိုးအောင် လုပ်မိရင် တောင်းပန်ပါတယ်နော်''

''တောင်းပန်စရာမလိုဘူး ညီ တကယ်ဆို ညီမှားတာမှမဟုတ်ဘဲ လာကြိုမယ့်သူမရှိရင် ကိုကြီးလာခေါ်ပေးမယ် ပီးတော့ bella နာရီဝက်လောက် နောက်ကျတာလေးကို ဘတွေရေးကြီးခွင်ကျယ် လုပ်နေတာလဲ ဒါရိုက်တာကြီး ကတောင်ဘာမှမပြောတာ မင်းကဘာမို့လဲ''
''ဟို bellaက ''
''ဟုတ်တယ် greyနဲနဲနောက်ကျတာ ငါဘာမှမဖစ်ဘူး မင်းဒီလောက်တောင် သိတတ်နေရင် ဒိဇာတ်ကားကို မင်းဘဲ ဒါရိုက်တာလုပ်လိုက်တော့''
''မဟုတ်ပါဘူး ဒါရိုက်တာကြီးရယ် bellaကစေတနာနဲ့ပါ''
''ဟုတ်ပါတယ် ဒါရိုက်တာကြီးကလည်း စိတ်ဆိုးမနေပါနဲ့ အဲ့လိုကြီးစိတ်ဆိုးနေတော့ ဒီကgreyကငိုချင်လာရော ဟွန့်''
''ဟားဟား ဟုတ်ပါပီ လာ ဇာတ်ညွှန်းပြပေးမယ် ပီးရင် ရိုက်ရအောင်''

''ကတ် ကောင်းတယ် ခနနားရင် နားကြ''
''ညီ ကိုကြီးနဲ့ ခနလောက်စကားပြောရအောင်လေ''
''ဟုတ် ကိုကြီး''
''ဟို bellaရော ခနထိုင်လို့ရမလား''
''မရဘူး'' ''ရပါတယ်''
''အယ် ကိုကြီးကလည်း''
''မရဘူး bella ငါကgreyနဲ့ နှစ်ယောက်တည်းပြောစရာရှိတာ''
''အော် ဟုတ်လား အာ့ဆိုလည်း တို့ဟိုနားခနသွားလိုက်အုံးမယ်နော်''

Cupid system(Completed)Where stories live. Discover now