ညနေရောက်တော့
''ပြန်တော့မယ် ရိပေါ် ''
''ဘာလို့်ပြန်မှာလဲ ဒီမှာဘဲ အိပ်သွား''
''မရဘူး မားစိတ်ပူနေလိမ့်မယ်''
''အာ့ဆို ကိုယ်လိုက်ပို့မယ် ''
''ရတယ် ကျန့်ဘာသာပြန်မယ် နေခဲ့ပါ''
''ကျန့်ကလည်း စိတ်မချလို့ပါဆိုကွာ''
''အကဲပိုနေ ဘာဖစ်မှာကျနေရော စိတ်မပူနဲ့ အိမ်ရောက်ရင် phဆက်လိုက်မယ်''
''ဟူး ပြောမရလည်း သဘောကွာ ဂရုစိုက်မောင်းသွား''
ရှောင်ကျန့် အိမ်အပြန်လမ်းမှာ သူ့ကားရှေ့ကို ပိတ်ရပ်လာတဲ့ ကားနှစ်စီးနဲ့ ထွက်လာတဲ့ လူတွေ
'ကျစ် ငါ့ကိုဖမ်းမခေါ်ရရင် မနေနိုင်ကြဘူးလားမသိဘူး'
'ကျန့်ကျန့်က မင်းသမီးလေးမို့လို့ နေမှာပေါ့'
'ချီးကို မင်းသမီး ဒါနဲ့ အားရှန့် ရိပေါ်ကို မပြောသေးနဲ့အုံးနော် ငါသူဖြေရှင်းချက်ပေးတာ နားထောင်ချင်သေးလို့ တစ်နာရီလောက်နေမှ သတင်းပို့လိုက်'
'အမလေးဟဲ့ လူများ သူ့လစာယူထားတာ ကျနေရော ခိုင်းနေလိုက်တာများ'
'အဲ့တော့ မကျေနပ်ဘူးလားပြော'
'ဟွန့် သွားပီ'
ကားတံခါးကို လာခေါက်တဲ့ ထိုလူတွေကြောင့် သူလည်း ကားထဲက ထွက်လာပီး
''နေအုံး လိုက်ခဲ့မယ် အရင်ဆုံး ငါ့ကားလေးကို မင်းတို့ထဲကတစ်ယောက်က လုံခြုံတဲ့နေရာမှာ သွားထားပေး ပီးတော့ ငါ့မားကိုphဆက်လိုက်အုံးမယ် စိတ်မပူဖို့ ခနစောင့်အုံး သလား''
အားရှန့်ကတော့ လာဖမ်းတာတောင် စိတ်အေးလက်အေးနေနိုင်တဲ့သူကို ပါးစပ်လေးဟပီးတာ ကြည့်နေမိတော့တယ်
'သေဖို့ခေါ်တာကို လင်နောက်လိုက်ရမယ်များ ထင်နေသလားမသိဘူး'
ဖမ်းခေါ်ရမဲ့ နေရာရောက်တော့
''မင်းတို့ သူ့ကိုဘာမှမလုပ်ဘူးလား ဘာလို့အကောင်းတိုင်းဖစ်နေရတာလဲ''
''ဟို အဲ့တာက boss''
''ငါက ဒီတိုင်းလိုက်လာတာလေ အရိုက်မခံရအောင် ဟဲ ညဏ်ကောင်းတယ်မလား''
''တိတ်စမ်း ငါကမင်းကို ဖမ်းခိုင်းတာ အလှကြည့်ဖို့ ထင်နေလို့လား''
''ငါသိပါတယ် မင်းပြောတာ နားထောင်မဲ့သူ မရှိလို့မလား ပြော ပြော ငါနားထောင်ပေးမယ် ''
''ရှောင်းရှောင်ကျန့် ငါအကောင်းပြောနေတာ ပြက်ချော်ကြီး လုပ်မနေနဲ့''
''စေတနာနဲ့လည်း ပျော်အောင်လုပ်ပေးရသေး''
''အား စိတ်တိုလိုက်တာနော် ငါဒီအရူးကို ဘာလို့များ ဖမ်းခိုင်းမိပါလိမ့်''
''နောင်တရနေပီမလား ဒါဆိုပြန်လွှတ်လိုက်''
''တိတ်စမ်း ငါလည်း ပြောပါရစေအုံး မင်းဘဲပြောနေတာ နားတွေလည်း ငြီးလာပီ''
''ကဲပြော နားထောင်ပေးဖို့ အသင့်ဘဲ''
''အား မင်းငါ့ကိုမရွဲ့နဲ့ ရှောင်ကျန့်ငါမင်းကို သတ်ပစ်လိုက်ရမလား''
