Arc7.7

7.2K 599 17
                                        

မင်းစေရာ သူပို့ပေးတဲ့ ဝတ်စုံလေးနဲ့ ကြည့်ကောင်းနေတဲ ပေါက်စကိုကြည့်ပီး ပါတီတောင် ခေါ်မသွားချင်တော့ဘူး
''ဦးကလည်း မျက်တောင်လေးလည်း ခတ်ပါအုံး''
''ပေါက်စက လှနေတာကိုး အကြည့်ကိုလွှဲလို့မရဘုး စိတ်မချတော့ဘူးကွာ ကိုယ့်ကိုအဖြေပေးပါတော့လား ''
''ဦးကလည်း ခနဘဲကို မစောင့်ချင်တော့ဘူးလားပြော''
''မဟုတ်တာ စောင့်မယ် ကဲ လာတက်ပါ သခင်လေးခင်ဗျ''
''ဟီး ဦးကလည်း''

ပါတီပွဲရောက်တော့ ခန်းမထဲက လူတွေက ဝင်လာတဲ့ ကားတစ်စီးကို လိုက်ကြည့ှ်နေကြတယ် သေချာပေါက် သူတို့ကားပေါ့ သူကားထဲကနေ လှမ်းကြည့်လိုက်တော့ အဘိုးကြီးတစ်ယောက်ရဲ့ လက်ကိုချိတ်ထားတဲ့ ဇာတ်လိုက်မ
'အော် လူရှေ့မှာတောင် လက်ချိတ်ရဲတယ် တော်တော်အရှက်မရှိတာဘဲ'
'ကျန့်ကျန့်ကကျ မချိတ်မှာဆိုတော့'
'အော် မတူဘူးလေ ငါ့ဦးက ငယ်တုန်းရွယ်တုန်း သန်တုန်းမာတုန်း ဟိုအဘိုးကြီးက သေခါနီးနေပီလေ ငါသာဆို ရှက်လွန်းလို့ လက်ချိတ်ဖို့နေနေသာသာ အနားတောင်မနေရဲဘူး'

'ကျန့်ကျန့်က ဒီကမ္ဘာက ဇာတ်လိုက်မကို တော်တော်ကြည့်မရတဲ့ပုံဘဲ ပြောလိုက်တာများ တစ်တူံးတစ်ခဲ'
'အဟမ်း အဲ့တာကတော့ သူကငါ့လင်ကို လာလုချင်တာကိုး ငါ့ကိုသတ်ချင်ရင်တောင် ငါကပြုံးပြူံလေးနေနိုင်သေးတယ် ငါ့လင်တော့ လုံးဝဘဲ ဒါတွေပြောလည်း မင်းတို့လို'
'သွားပီနော် လုပ်စရာလေးရှိလို့ သလား'
'ဟား ရှန့်ရှန့်ကတော့ သူ့ပြောမှာစိုးတာနဲ့'

''ပေါက်စ လာ အထဲဝင်ကြစို့''
''ဟုတ် ဦး ''
ရှားလည်း ဦးရဲ့ လက်ကိုချိတ်ပီး ထွက်လာခဲ့တယ် သူတို့လည်း ထွက်လာရော ထွက်လာတဲ့ စကားသံတွေ
''ဟဲ့ သူတို့နှစ်ယောက် လိုက်ဖက်လိုက်တာနော်''
''ဟုတ်ပါ့ ကိုမင်းစေရာက တကယ့်အချောလေးကို ရှာတွေ့ထားတာဘဲ''
''နေနဲ့လ ရွှေနဲ့မြ ဆိုတာ အဲ့တာကိုပြောတာနေမယ် ကြည့်ပါအုံး လိုက်ဖက်လိုက်တာ''
''အဲ့တာ sky gpရဲ့ သားငယ် ပြိုင်စံရှားမလား''
''အေး ငါမြင်ဖူးပါတယ်လို့ တွေးနေတာ ဟုတ်တယ် အဲ့တာ ဦးမိုးထက်မြင့်သားအငယ်လေ ကြည့်ပါအုံး လှလိုက်တာ ကောင်လေးက''

ရှားလည်း သူ့ကိုချီျးကျူးနေတဲ့ အသံတွေ့ကြောင့် ခြေထောက်နဲ့ မြေကြီးတောင် မထိတော့ဘူး သူဝင်လာတော့ မျက်နှာပျက်သွားတဲ့ ဇာတ်လိုက်မကိုကြည့်ပီး
'အရူးမ 'လို့ပြောလိုက်တယ် စိတ်ထဲကနေပါ
''ဟား ကိုမင်းစေရာ ကတော့ တကယ့်အချောလေးကို ခေါ်လာတာဘဲ ''
''ဟုတ်တယ် အန်ကယ်ရေ ပေါက်စကို ခေါ်လာချင်တာမဟုတ်ဘူး စိတ်မချလို့ မတတ်သာလို့သာ ''
''ဟားဟား ဟုတ်ပါပီ ဒါဆို စားသောက်ရင်း အေးဆေးနေကြ အန်ကယ်ဟိုဘက်ခနသွားအုံးမယ်''
''ဟူတ်ကဲ့ အန်ကယ်''

Cupid system(Completed)Where stories live. Discover now