ဂျိမ်း ကလေးကိုဝင်ခေါ်ဖို့ မနက်စောစောထ ပြင်ဆင်ပီးတာနဲ့ အမြန်ထွက်လာခဲ့တယ် ဒါတောင် သူ့ညီဂျက်ခ်က အိစိအိစိလုပ်နေလို့ အော်ခဲ့ရသေး
''ကိုကြီးက ဘာတွေလောနေတာလဲ ဆမ်ကထွက်မပြေးပါဘူး''
''ထွက်တော့မပြေးဘူးပေါ့ကွ စောင့်နေရရင် အားနာစရာ မဟုတ်ဘူးလား''
''အဟမ်း အဟမ်း တို့ကိုကြီးတစ်ယောက်ကတော့ အဖြောင့်ဆိုပီး ကွေးတော့မယ်ထင်တယ်''
''မဟုတ်တာ မပြောနဲ့ အဟင်း''
''အော် အာ့ဆိုမဟုတ်ဘူးပေါ့ ပီးတာဘဲလေ အာ့ဆိုလည်း ဆမ့်ကို ဂျက်ခ်ကောင်လေးဖစ်အောင်လုပ်လိုက်ရမလား''
''မင်းမှာ ငါ့သူငယ်ချင်းတစ်ယောက်လုံး ရှိနေတာကို''''ဟွန့် ကိုကြီးသူငယ်ချင်းက ဂျက်ခ်ကိုမှ ဂရုမစိုက်တာ တွေ့ရင်ပြောလိုက် နောက်ဘဲထားတော့မှာလို့''
''ဟားဟား တကယ်ပြတ်နိုင်တာလည်း မဟုတ်ဘဲနဲ့ အပိုတွေ ပြောနေ''
''အာ့ဆို ကိုကြီးကရော ဆမ့်ကိုတကယ်သဘောကျတာလား''
''ဟို အဲ့တာက ''
သူတို့စကားပြောနေရင်း ဆမ့်ရဲ့ ကွန်ဒိုရှေ့ကိုရောက်လာလို့ သူတို့ကြည့်လိုက်တော့ ခေါင်းမှာပတ်တီးအဖွေးသားနဲ့ ငုတ်တုပ်ကလေးထို်င်နေတဲ့ ကလေး
'ဘာတွေဖစ်ခဲ့တာလဲကွာ ကိုယ်ရင်တွေပူလိုက်တာ'''ဆမ် ဘာဖစ်လာတာလဲ''
''ဟုတ်တယ် ကလေး ခေါင်းကဘာဖစ်တာလဲ ပတ်တီးကြီးနဲ့''
''အော် အဲ့တာလား ဟိုငါရေချိုးခန်းထဲမှာ ချော်လဲလို့ ဟီး''
''ဖစ်ရမယ် ကလေးရယ် ဒါဆို လည်ပင်းကရော''
'သေစမ်း ဟိုမိန်းမ လက်ရာကြီး ဖူံးဖို့မေ့သွားတယ်'
'ကျန့်ကျန့်ကိုက စပ်စလူးစိန်နေတာကို မေ့မှာပေါ့'
'မင်းသတိပေးလေ သူကသတိမပေးဘဲနဲ့'
'အောင်မာ ရှန့်ရှန့်ကမမေ့ပါဘူးနော် အမြင်ကပ်လို့ တမင်မပြောတာ သူ့လင်လည်း လာခေါ်မယ်ဆိုရော အစောကြီးထပီး သနေတာ မပီးတော့ဘူး ဟွန့်''မနာလိုမဖစ်နဲ့ ရှန့်ရှန့်'
'အမယ် ဝေးပါသေး တော်ပီ ကျန့်ကျန့် နှိမ်လို့မရအောင် လင်သွားရှာလိုက်အုံးမယ် သွားပီ ဟမ့်'
'သွား သွား ရမှပြန်ခဲ့'
''ကလေး ဘာတွေတွေးနေတာလဲ''
''အာ ဘာမှမဟုတ်ပါဘူး မောင်းတော့လေ ''
''အွန်း''
''အာ့ကြောင့် ပြောပါတယ် ငါတို့နဲ့လာနေပါလို့ အခုလိုလဲနေတော့ ဘလိုလုပ်မလဲ''
''ရပါတယ် ဂျက်ခ်ရဲ့ ငါကကိုကို့ကို အားနာလို့ပါ''
''ကိုယ့်ကို ဘာအားနာစရာရှိလို့လဲ ယုန်ပေါက်ကလည်း''
''ကိုကို ဘလိုခေါ်လိုက်တာလဲ''
''ယုန်ပေါက်လို့လေ မကြိုက်လို့လား အာ့ဆိုကိုကိုမခေါ်''
''ကြိုက်တယ် ကိုကိုခေါ်ချင်သလို ခေါ်လို့ရပါတယ်''
![](https://img.wattpad.com/cover/293520541-288-k480743.jpg)