ချူ ရှင်း ဒီကမ္ဘာကို ရောက်ရောက်ချုင်း လှည့်ပတ်ကြည့်ရှုလိုက်တယ် ဒီနန်းတော်ကြီးက တော် တော်လှတာဘဲ သူလည်း လျှောက်သွားရင်းနဲ့ ရေကန်ကြီးဆီအရောက် သူ့ကိုယ်သူငုံ့ကြည့်လိုက်တော့
'ဝါး တော်တော်လှတာဘဲ မိန်းကလေးတွေတောင်ရှုံးတယ် ကြွေရုပ်လေးကျလို့ မီးခိုးရောင်ဆံပင်လေးနဲ့ လိုက်ဖက်နေတာ ဟီး'
'ဒီတသက် ချီးကျူးလို့ ပီးအုန်းမှာလား'
'မင်းကလည်း သူကတော်တော်လှတာကိုကွ''မပြောချင်တော့ပါဘူး ကြိုက်တာသာလုပ်'
'အင်း ဒါနဲ့ ဒီကိုယ်က ဒီနေရာလာနေကျထင်တယ် ငါတောင်မသိလိုက်ဘဲ ဒီနေရာကို ရောက်လာတယ် '
'ကျန့်ကျန့် သတိထား'
'ဘာကိုပြော ဟမ်'
ချုရှင်း အားရှန့်ရဲ့ သတိထားလို့ ပြောသံအဆုံး လှည့်လိုက်တာ သူ့ကိုဓားနဲ့ရွယ်လာတဲ့ လူတွေကြောင့် အမြန်တိမ်းရှောင်လိုက်ရတယ်
'မှော်တုတ်တံ လေးရေ ငါ့ကိုဓားတိုတစ်ချောင်းပေး'
သူပြောသံအဆုံး လက်ထဲရောက်လာတဲ့ ဓားတိုတစ်ချောင်းကို သုံးပီး ဟိုလူတွေကို စတိုက်တော့တယ်''ရွှတ် ရွမ်း ဘသူ ခိုင်းတာလဲ အတင့်ရဲလိုက်တာ ငါ့လိုဧကရီတစ်ပါး ကိုလုပ်ကြံရဲတယ် သေစမ်း ရွှမ်း စွတ် ''
အကုန်လုံးကို သတ်ပစ်ပီး တစ်ယောက်ကိုဘဲချန်ထားလိုက်တယ် အဲ့တစ်ယောက်ကိုတော့ လက်ပြန်ကြိုးတုပ်ပီး ခေါ်လာလိုက်တယ်
အဖြစ်အပျက် အစအဆုံးကို အကွယ်ကနေ ကြည့်နေတဲ့ လူတစ်ယောက်ကတော့
'ဟက် စိတ်ဝင်စားစရာဘဲ ဒါမင်းရဲ့ပုံစံအမှန်လား ဧကရီ'ချူရှင်းလည်း ထိုလူကိုခေါ်ပီး ရုံးတော်ဘက်ကို ထွက်လာခဲ့တယ်
'ကျန့်ကျန့် အဲ့တာဘာလုပ်မလို့လဲ'
'တရားစီရင်ခိုင်းမလို့လေ '
'အော် ဒါနဲ့ ကျန့်ကျန့်ကံကောင်းသွားတယ် အရင်ကဆို အိမ်ရှေ့စံက ဒီလိုအခြေအနေမှဲာကရီကိုကယ်တင်ပီး သူရဲကောငိးဝင်လုပ်တာ ဒါမဲ့ အခု ကျန့်ကျန့်ကစောရောက်ပီး ဟိုလူတွေကို အရင်သတ်လိုက်တော့ '
'အင်း ငါထင်တော့ထင်ပါတယ် ဒါနဲ့ အရင်ကိုယ်က သိုင်းမတတ်ဘူးလား'
'မတတ်ဘူးလေ ကောတွေကနူးညံ့တာကြောင့် မသင်ရဘူး'
'အော် အဲ့လိုလား '''ဘာကိစ္စရှိလို့ပါလဲ ဧကရီ ပီတော့ ဒီလူက ဘသူလဲ''
''အရှင်ကိုပြောလိုက် တရားမျှတအောင် လုပ်ပေးပါလို့''
''ကောင်းပါပီ ခနနေ မင်းကြီးရောက်လာတော့မှာပါ''
''မင်းကြီး ကြွချီလာပါပီ....''
'မင်းကြီးက ချောလိုက်တာ မျက်နှာက သုန်မူန်နေတာတောင် ကြည့်ကောင်းနေတုန်းဘဲ'
'ဖြေးဖြေးငမ်း ကျန့်ကျန့် သရေတွေလည်း ကျနေပီ'
'အဟမ့် ဘာဖစ်လဲ '