ရှား ဒီကမ္ဘာကို ရောက်ရောက်ချင်း သူမှန်ကို အပြေးကြည့်လိုက်တယ် ဝိုင်းစက်နေတဲ့ မျက်လုံးတွေရယ် ကော့စင်းနေတဲ့ မျက်တောင်ရှည်ကြီးတွေရယ် နှုတ်ခမ်းဖူးဖူးလေးတွေက အရမ်းကို လိုက်ဖက်လွန်းတယ် ဒါနဲ့ ငါဘာမေ့နေတာလဲ
'အားရှန့် မင်းငါ့ကို လုပ်ရမဲ့ mission မပြောရသေးဘူးမလား'
'အာ မေ့သွားလို့ အခုပြောမယ်လေ ဟီး missionက ဇာတ်လိုက်အချစ်ကိုရယူရန်,ဇာတ်လိုက်မကြာပန်းဖြူ ပုံရိပ်ကို ခွာချရန်, မိသားစုနဲ့ ဘဝကိုပျော်ရွှင်စွာ ဖြတ်သန်းရန်ပါ ကျန့်ကျန့် ''အင်း လွယ်ပါတယ် ဇာတ်လိုက်က ငါ့ချစ်သူမဟုတ်ရင် ဘလိုလုပ်မလဲ '
'ဟုတ်လောက်ပါတယ် ကျန့်ကျန့်ရဲ့'
'အင်း ဒါနဲ့ ဇာတ်ကြောင်းက ဘယ်ရောက်ပီလဲ'
'ဇာတ်လိုက်က ဒီနေ့ ကျောင်းကိုလာမှာပါ ကျန့်ကျန့်'
'အော စောသားဘဲ ok ဇာတ်လိုက် မင်းကိုလုံးဝမကြိုက်စေရဘူး ငါကအဲ့လိုဖစ်အောင်လုပ်မှာမို့ဘဲ တွေ့ကြသေးတာပေါ့ ဇာတ်လိုက်မရယ်'ရှား ပြင်ဆင်ပီးတာနဲ့ အောက်ကို ဆင်းလာခဲ့တယ် သူ့ကိုစောင့်နေတဲ့ ဖေဖေနဲ့ ကိုကို
''စောင့်ရတာကြာသွားလား ဖေဖေနဲ့ ကိုကို''
''မကြာပါဘူး သားငယ်ရယ် လာဖေဖေတို့ သွားရအောင်''
''ဒီနေ့ ကိုကို့ညီလေးက လှနေပါလား''
''ဟာ ကိုကိုနော် ချောတာ ဘာလှတာတုန်း ဟွန့်''
''ဟားဟား ဟုတ်ပါ့ သားကြီးရာ သားငယ်လေးက ချောတာပါ ဟုတ်ပီလား ကဲသွားကြစို့''ရှားကို ကျောင်းကိုဝင်ပို့ပီ်း ဖေဖေနဲ့ကိုကိုကတော့ Companyကို တန်းသွားကြတယ် သူလည်း ကျောင်းထဲမဝင်သေးဘဲ လျှောက်ပန်ကြည့်နေရင်း ရုတ်တရက် လမ်းကြားထဲကနေ ထွက်လာတဲ့ ကားတစ်စီးက သူ့ခြေထောက်ကို ပွတ်ဆွဲသွားတာကြောင့် သူလဲကျသွားတော့တယ် သူလဲသွားတော့ ရပ်သွားတဲ့ ကားနဲ့ ဆင်းလာတဲ့ လူကြီးတစ်ယောက်
''ဟေ့ ကလေးစုတ် ဘာဖစ်သွားသေးလဲ ငေးရင်း လျှောက်တာကို တိုက်မှာပေါ့''
''အောင်မာ ဦးလေးကြီးကဘဲ ပြောရသေးဦးလေးကြီးတို့က အရင်မှားတာလေ သူလည်းမှားသေး လူလည်းလာအော်သေး အီးဟီး ကြားလို့မှကောင်းသေးရဲ့လား ဖေဖေရေ သားကိုလာခေါ်ပါ သားမနေချင်ဘူး အဟင့် ကိုကိုရေ သားထလို့ မရတော့ဘူး အီးဟီိး''