Arc5.1

7.7K 677 49
                                    

grey ဒီကမ္ဘာကို ရောက်ရောက်ချင်း ပါးချခံလိုက်ရတယ် သူကြောင်ပီး အံ့သြနေတုန်း
နောက်ကနေ ကတ်ဆိုတဲ့ အသံကြားမှ သူသိလိုက်တယ် သူဇာတ်ကားရိုက်နေတာ ပီးတော့ သူ့ကိုပါးရိုက်လိုက်တာ ဇာတ်လိုက်မ
''ကောင်းတယ် greyနဲ့ bella ပီပြင်တယ် တကယ်ရိုက်တဲ့ အတိုင်းဘဲ''
''အိုး ဒါရိုက်တာကြီးကနောက်နေပြန်ပီ ကျနော် တကယ်အရိုက်ခံရတာဗျ အာ့ကြောင့်ပီပြင်တာ''

''ဘလို တကယ်အရိုက်ခံရတာ ဟုတ်လား bellaငါမင်းကို ဟန်လုပ်ဖို့ဘဲ ပြောတာလေ''
''ဟို bellaက ပီပြင်အောင်လို့ပါ ပီးတော့ greyလည်း စိတ်မဆိုးဘူးမလား''
''စိတ်မဆိုးပါဘူး အမbellaခင်ဗျ ဒါမဲ့ ကျနော်တခုပြောပြချင်လို့ အမရိုက်တာကလေ နဲနဲလိုသေးတယ် အမှန်က ဒီလို ဖြောင်း ဖြောင်း''

grey လည်း ဇာတ်လိုက်မကို ပါးနှစ်ချက်ဆင့် ရိုက်ပေးလိုက်တယ်
''နင် နင်ဘာလုပ်တာလဲ''
''အိုး စိတ်ဆိုးသွားတာလား အမ ကျနော်က အမကို ပါးဘလိုရိုက်ရတယ်ဆိုတာ သင်ပြပေးရုံပါ အဲ့တာမှ ဇာတ်ကားရိုက်ရင် ပီပြင်အောင်လို့လေ ပီးတော့ အမစိတ်မဆိုးဘူး ထင်လို့ပါ အခု အမက စိတ်ဆိုးနေတော့ ကျနော် စိတ်တောင်မကောင်းဘူး ဒါရိုက်တာကြီးခင်ဗျ ကျနော် ဒီနေ့အတွက် နားချင်လို့ ပြန်လို့ရမလားခင်ဗျ''

''ရပါတယ် grey နောက်ရက်မှ ဆက်ရိုက်ကြတာပေါ့ ပါးကဘလိုနေသေးလဲ နာနေရင် ရေခဲသေချာကပ်ထားလိုက်အုံး''
''ဟုတ်ကဲ့ အဆင်ပြေပါတယ်ဗျ ဒါရိုက်တာကြီးက အရမ်း စိတ်ကောင်းရှိတာဘဲ ကျေးဇူးပါဗျ အာ့ဆို greyပြန်တော့မယ်နော် အားလုံးဘဲ ခွင့်ပြုကြပါဦးဗျ''
''အေး အေး''

ပြုံးရွှင်ပီး ထွက်သွားတဲ့ ကောင်ကိုကြည့်ရင်း
'တောက်စ် နင်ကဘာကောင်မို့လဲ စောင့်ကြည့်နေလိုက် နင်ဘလောက်ထိ အမောက်ထောင်နေနိုင်မလဲဆိုတာ'
''အဟင်း greyက နုလိုက်တာနော် ယောကျာ်းလေးဖစ်နေပီး ဟုတ်တယ်မလား ဒါရိုက်တာကြီး''
''သူက နုတာမဟုတ်ဘူး စိတ်ထားနူးညံ့တာ တချိ့တွေလို အရေထူတာမဟုတ်ဘူးလေကဲကဲ ရိုက်ကွင်းသိမ်းမယ်''
''ဟို ဒါရိုက်တာကြီး ဒီနေ့ William Jamesမလာဘူးလား''
''အဲ့တာ ငါဘယ်သိမလဲ သိချင်ရင် ကိုယ့်ဘာသာစုံစမ်းလေ''

Cupid system(Completed)Where stories live. Discover now