ရိပေါ်လည်း အချစ်ဆီက ခွင့်ပြုချက်ရတာနဲ့ စေ့စပ်ဖို့ပြင်ရတော့တယ် စေ့စပ်ဖို့ဆိုမှ ဟုတ်တယ် သူ့မားဆီဆက်ရမယ် ပြန်လာဖို့ သူ့မှာ မားတစ်ယောက်ဘဲရှိတော့တာ သူကတစ်ဦးတည်းသောသား သူ့ပါးတည်ထောင်ခဲ့တဲ့ Wang gpကို သူကဘဲဆက်ထိန်းသိမ်းထားတယ် သူ့မားကတော့ နိုင်ငံခြားမှာဘဲ သူ့ညီမနဲ့ နေတယ်
"Hello မား chinaကို ပြန်လာခဲ့ ပွဲတခုကတက်စရာရှိတယ်"
"ဘာပွဲလဲ ရိပေါ် မဆက်စဖူး phတွေဆက်ပီး အရေးတကြီးပြန်လာခိုင်းရအောင်""စေ့စပ်ပွဲလေ မားရဲ့"
"ဘသူ့စေ့စပ်မှာလု့ိလဲ "
"ဘသူရမှာလဲ မားသားလေ"
"ငါ့သား ငါ့မှာ ငါ့သားဆိုလို့် နင်ဘဲရှိတာလေ မဟုတ်မှ မင်းပါး မယားငယ်နဲ့ရတဲ့သားများလား"
"ကဲ မားရယ် သေသွားတဲ့ပါးကို ဆွဲထည့်မနေနဲ့ ကျနော်စေ့စပ်မှာ မားအဲ့တာပြန်လာခဲ့"
"ပြောပါ ဘယ်အိမ်တော်က သမီး
ကိုလိုချင်တာလဲ မားတောင်းပေးမယ်""သမီးမဟူတ်ဘူး သား ရှောင်အိမ်တော်ရဲ့ သားအငယ်ဆုံး ရှောင်ကျန့်က ကျနော့်ချစ်သူဘဲ"
"ဘာ ဝမ်ရိပေါ် မရဘူးနော် မင်းငါမွေးထားတာ သားတစ်ယောက်တည်းဘဲရှိတာနော် ငါလက်မခံနိုင်ဘူး ဘယ်အိမ်တော်က သမီးနေနေ ငါလက်ခံတယ် သားကတော့ မရဘုး ခွင့်မပြုနို်င်ဘူး""ဟားဟား မားသရုပ်ဆောင်တာ မဆုိးတော့မဆိုးပါဘူး ဒါမဲ့ ကျနော့်အချစ်တော့ မမှီသေးဘူး''
"ဟဲ့ ဝမ်ရိပေါ် သူ့ဟာလေးများ အမွှန်းတင်နေလိုက်တာ တကတည်း မပြောလိုက်ချင်ဘူး ငါသိပီးသားပါ ငါ့သားချစ်သူဘသူဆိုတာ စုံစမ်းပီးသား ကျန့်ကျန့်လေး ကချစ်စရာလေး ငါ့သားနဲ့တောင်မတန်ဘူး''"မားကလည်း ကိုယ့်သားကို ပြောနေလိုက်တာ မနက်ဖန် ရောက်အောင်လာခဲ့"
"ဟဲ့ ငါကလေယာဥ်စီးရမှာလေ အထုပ်အပိုးကပြင်ရအုံးမယ် ဘလိုလုပ် တစ်ရက်တည်း ရောက်မှာလဲ သဘက်ခါရောက်မယ် ဒါဘဲ ထပ်မဆက်နဲ့တော့ ငါchinaရောက်မှ လှမ်းခေါ်မယ် ကြားလား"
"အွနး် မား ဒါဘဲ အာ့ဆို"ရိပေါ် လည်းမားနဲ့ပြောပီးတာနဲ့ အချစ်ဆီကို phဆက်လိုက်တယ်
"Hello အချစ်"
"အင်း မောင်ပြောလေ ဘာလဲ"
"မနက်ဖန် မောင်မလာတော့ဘူးနော် သဘက်ခါကျမှ မောင်လာခဲ့မယ်"
"ဘာလို့လဲ မောင်"
"မအားလို့လေ မောင်လုပ်စရာလေးရှိသေးလို့် အချစ်မျှော်နေမှာစိုးလို့ လှမ်းပြောတာ"