''mission အောင်မြင်တာ ဂူဏ်ယူပါတယ် ကျန့်ကျန့်''
''အင်း နေပါဦး ငါမေးပါအုံးမယ် မင်းကဘလိုလုပ်ပီးတော့ လူပုံပြောင်းလို့ရသွားတာလဲ''
''ဟဲဟဲ အဲ့တာက ကျန့်ကျန့် side missionsတွေ အောင်မြင်လို့်လေ ဟီး''
''အော် ငါကတော့ ကြိုးစားလုပ်လိုက်ရတာ အကျိုးအမြတ်ကတော့ မင်းခံစားလိုက်ရတယ်ပေါ့''
''ကျန့်ကျန့်ကလည်း ချစ်တယ်လေနော် ''
''ဟက် အေးပါ မင်းကငါ့ထက်မချောပေမယ့် ငါ့လောက်နီးနီးတော့ ကြည့်ကောင်းပါတယ်''
''ဟုတ်ပါတယ် ကျန့်ကျန့်ကသာ အချောဆုံး''''ပီးတော့ မင်း အရင်ကမ္ဘာမှာ ဘလိုလုပ်ဝင်လိုရတာလဲ''
''ဟဲ အဲတာက ဇာတ်လိုက်ကို သနားလို့ ခနတဖြုတ် ဝင်ပေးတာ ခိုးဝင်တာမို့ အထက်ကမသိဘူးလေ ဟီး''
''အော် သနားတာကနည်းနည်း လင်လိုချင်တာက များများမလား''
''ကျန့်ကျန့်ကလည်း''
''အေးပါ ပြောတော့ ကိုယ်ရေးမှတ်တမ်း''
''okအမည်-xiao zhan
ဝိညဉ်စွမ်းအား -2
ပြီးမြောက်သောကမ္ဘာ -2/10
အရည်အချင်း-အတိုက်အခိုက်
ပိုင်ဆိုင်မူ-မှော်တုတ်တံ,မိုးကြိုးလက်ပတ်''
''မိုးကြိုးလက်ပတ် ကဘာလုပ်ရတာလဲ''
''အဲ့တာက လက်ပတ်ထဲကနေ မိုးကြိုးအသွားကြိုးတစ်ချောင်းထွက်လာပီး ရိုက်လို့ရပါတယ် ကြာပွတ်လိုပုံစံမျိုးကို လျှပ်စီးနဲ့လုပ်ထားတာ''
''အော် အဲ့လိုလား မိုက်တယ် ဟီး''''စွမ်းရည်က သင်စရာမလိုပါဘူး ခန္ဓာကိုယ်ကိုဘဲ အဆင့်မြင့်ပေးထားပါတယ် ဒါဆို ဇာတ်ကြောင်းပြောပါတော့မယ်''
''ok အားရှန့်''
''ဒီကမ္ဘာက တခြားကမ္ဘာတွေလို လူချည်းဘဲမဟုတ်ပါဘူး သွေးစုပ်ဖုတ်ကောင်လို့ခေါ်တဲ့ vampireတွေလည်း ရှိတယ် vampireတွေက သူတို့အသက် နှစ်ဆယ်ပြည့်တဲ့အခါမှာ လူသားတွေအဖြစ် အပြီးတိုင်ပြောင်းလဲလို့ရတယ် နည်းလမ်းကတော့ ကိုယ့်ရဲ့မိတ်ဖက်ကို ရှာပီး သူတို့နဲ့ ခန္ဓာကိုယ်ချင်းနှီးနှောပီး သူတို့ရဲ့သွေးတစ်ဝက်က အဲ့vampireရဲ့ ကိုယ်ထဲကို ရောက်သွားရင် သူက လူသားစစ်စစ်ဖစ်သွားပါပီ''''ဒါဆို ကျန်တဲ့ လူသားကရော သေမှာလား''
''မသေပါဘူး သူတို့ဟာ ခန္ဓာကိုယ်ချင်း နှီးနှောထားတာဖစ်လို့ သွေးတစ်ဝက်စီကရောနေမှာပါ''
''အော် အဲ့လိုလား ဆက်ပြော''
''ဒီကမ္ဘာရဲ့ ဇာတ်လိုက်က Jလုပ်ငန်းစုရဲ့ သားငယ် ဂျက်ခ် သူက ချောမောပြီး ဆွဲဆောင်မူရှိတဲ့ လူသားတစ်ယောက် ပီးတော့ သန့်စင်တဲ့သွေးကို ပိုင်ဆိုင်ထားတဲ့သူဆိုလည်းမမှားဘူး ဇာတ်လိုက်မကတော့ vampireတစ်ကောင် တစ်ဖစ်လဲ လီလီဆိုတဲ့ မိန်းမလှလေးတစ်ယောက် သူကဇာတ်လိုက်ရှိတဲ့ အခန်းကို ပြောင်းပြောင်းချင်းမှာ ဇာတ်လိုက်ကို စသတိထားမိတယ် ဒါပေမဲ့ ဇာတ်လိုက်က သူ့ကိုသတိမထားမိဘဲ သူနဲ့အတူတူ အခန်းထဲကို ပြောင်းလာတဲ့ ဆမ်ဆိုတဲ့ vampireပေါက်စလေးကိုဘဲ သတိထားမိပီး သဘောကျခဲ့တယ်''
