ရှောင်ကျန့် အတိုက်အခိုက် သင်ပီးထွက်လာတော့
'ပီးပီလား ကျန့်ကျန့်'
'အွန်း အသင့်ဘဲ သွားစို့'
'ok let's go 1 2 3.....'ရှောင်ကျန့် ဒီကမ္ဘာကိုရောက်ရောက်ချင်း နားထဲမှာ ကြားလိုက်ရတဲ့ အားရှန့်ရဲ့ အော်သံ
'ကျန့်ကျန့် နောက်မှာ ရှောင်ရှောင်'
သူလည်း နောက်လှည့်ကြည့်လိုက်တော့ ဓားတွေတုတ်တွေ ကိုင်ပီး သူ့ဆီကို လျှောက်လာတဲ့ လူလေးငါးယောက်လောက်
'ဝေ့ အားရှန့် ငါအသတ်ခံရတော့မှာလားဟင်'
'ကျန့်ကျန့်က ဇာတ်လိုက်မ မှမဟုတ်တာ ဘာလို့ အသတ်ခံရမှာလဲ '
'ဒါမဲ့ သူတို့က ငါ့ကို သတ်တော့မှာဟ'
'အာ့ဆိုလည်း ပြန်ချပေါ့'ရှောင်ကျန့်လည်း ကမူးရှုးထိုးနဲ့ သူ့ကိုဓားနဲ့ လာထိုးတဲ့သူတွေကို ဖြတ်ကန်ပီး အကုန်လုံးကို သူတို့ပါတဲ့ တုတ်နဲ့ ပိတ်ရိုက်လိုက်တယ်
'အဲ့မှာ လူမှားချင်အုံး ဟမ့်'ရှောင်ကျန့်လည်း ဟိုလူတွေဆီကနေ မြန်မြန်ထွက်လာခဲ့တယ်
'အားရှန့် သူတို့က ယောကျာ်းလေး မိန်းကလေးတောင် မကွဲဘူးလား'
'ဟူး ကျန့်ကျန့်နဲ့ စုမေနဲ့ အရပ်တူတူဘဲလေ ကျန့်ကျန့်က ဦးထုပ်ဆောင်းထားတာကိုး ပီးတော့ ဒီလမ်းက ခါတိုင်း စုမေလာနေကျလေ အဲ့တော့ ကျန့်ကျန့် ကိုစုမေထင်သွားတာပေါ့ မောလိုက်တာ '
'မောမနေနဲ့ မင်းသာငါ့ကို စောစောပို့မယ်ဆိုရင် အခုလိုတွေ ဖစ်မလာဘူး ဟမ့်'
'ဘသူစောင့်နေလို့ ကြာတာလဲ ဟွန်း '
'သိဘူး မပြောနဲ့ သွားမယ် '
'ကြွ ကြွ'ရှောင်ကျန့်လည်း ကျောင်းမတက်တော့ဘဲ အိမ်ကိုပြန်လာခဲ့တော့တယ်
''အယ် အစောကြီးပါလား သားနေမကောင်းလို့လား''
''မဟုတ်ဘူး မား ဒီတိုင်းဘဲ ပြန်လာတာ''
''အေးပါ နားလိုက်အုံး ပီးမှ ထမင်းစား''
''ဟုတ် မား''အခန်းထဲရောက်တော့ သူ့ကိုယ်သူမှန်ကြည့်လိုက်တော့
'ဟူး ဒီကိုယ်က ရုပ်ခံလေးရှိပေမယ့် မပြင်တတ်ဘူးဘဲ ကောင်းပီလေ ဟောဒီကအချောလေးက ပြင်ပေးမယ် ဟိဟိ'ရှောင်ကျန့်လည်း မှော်တုတ်တံ အစွမ်းနဲ့ ပစ္စည်းတွေလိုသလောက်ယူပီး ပြောင်းလဲလိုက်တော့မှ ပိုပီးတော့ ပေါ်လာတဲ့ ရုပ်လေး
5'10''လောက်ရှိတဲ့ အရပ်ကလေးရယ် ပြုံးလိုက်ရင်ပေါ်လာတဲ့ ပါးချိင့်လေးရယ် မီးခိုးရောင်မျက်လုံးလေးရယ် အသားဖွေးဖွေးလေးရယ်
'အား ချောလိုက်တာ ငါ့ကိုယ်ငါပြန်ကြိုက်မိတော့မယ်'
'ကြိုက်ပါလား ပြောနေသေး'
'ဟမ့်မင်းနဲ့ မခေါ်ဘူး အားရှန့် ငါ့လာစကားမပြောနဲ့ စိတ်ဆိုးတယ်'
'အယ် ဖစ်ရချည်သေးတယ် နေပေါ့ ဟွန့်'