Arc3.1

9.6K 758 39
                                        

ဆမ် ဒီကမ္ဘာရောက်တော့ သူဘေးပတ်ပတ်ည်ကို အရင်ဆုံးလျှောက်ပတ်ကြည့်လိုက်တယ်
'ဘာတွေ ဒီလောက်တော်ကြည့်နေတာလဲကျန့်ကျန့်'
'လုပ်ကြံသူတွေများ ရှိမလားလို့ မင်းကလညိး'
'အော် ကျန့်ကျန့်လို ဖုတ်ကောင်ကို ဘသူကလာသတ်ရဲမှာလဲ'
'အေး အဲ့တာလည်း ဟုတ်တာဘဲ နေအုံး ငါမှန်ကြည့်လိုက်အုံးမယ်'

ဆမ်လည်း မှန့်ရှေ့ကို လျှောက်သွားလိုက်တော့
'အမလေး ဖြူဖပ်ဖြူရော်နဲ့ ကြောက်စရာကြီး'
'လှပါတယ် အသားဖွေးဖွေး နှုတ်ခမ်းရဲရဲလေးနဲ့'
'ချီးကိုလှ အသားကဖွေးလွန်းနေတာ ပီးတော့ ဒီကိုယ်က အရမ်းနုတာဘဲ တစ်ကိုင်ပေါက်ဘဲ ရှိတယ် '
'ဒါမဲ့ လှပါတယ် ကျန့်ကျန့်ရဲ့'
'အွန်း ထားပါတော့ သူမတူတဲ့ အသားအရေပိုင်ဆိုင်ထားတယ်ဘဲ သဘောထားလိုက်မယ် ဒါနဲ့ ဇာတ်လိုက်မကရော ဒီလိုဖွေးတာဘဲလား'
'အင်း ဒါမဲ့ ကျန့်ကျန့်ကပိုဖွေးတယ်'

'အာ့ကြောင့် ဇာတ်လိုက်ကသတိထားမိတာ နေမှာပေါ့'
'ဟုတ်မယ် ဒါနဲ့ ကျန့်ကျန့် လင်ကြီးကဇာတ်လိုက်ဖစ်နေရင် ဘလိုလုပ်မလဲ '
'လုံးဝမဟုတ်ဘူး ငါသေချာသိတယ်'
'အင်း သိလည်းပီးတာဘဲ ကျောင်းသွားဖို့ပြင်ဆင်တော့ ဒီနေ့ ဇာတ်လိုက်တို့အတန်းကို စပြောင်းရမှာ'
'ok ok '

ဆမ်လည်း ရေမိုးချိုးပီး အဝတ်ဗီဒိုထဲကနေ အကျီင်္ အဖြူ ဘောင်းဘီအဖြူကိုမှ အပေါ်ကနေ အကျီင်္အနက်လက်ရှည်လေးထပ်ဝတ်လိုက်တယ် ပီးတော့ ခပ်အုပ်အုပ်ဖစ်နေတဲ့ ဆံပင်လေးကို ဆွဲဖွလိုက်ပီး လွယ်အိတ်ကိုလွယ်
'ok ဒီလောက်ဆိုရပီ'

ဆမ်လည်း ကျောင်းကိုထွက်လာခဲ့လိုက်တယ် ကျောင်းရောက်တော့ သူ့ကိုဝိုင်းကြည့်နေကြတဲ့ လူတွေကြောင့် ခပ်တည်တည်ဘဲ ဝင်လာခဲ့တယ် အတန်းထဲရောက်တော့ နောက်ဆုံးတန်းကို ဝင်ထိုင်နေလိုက်တယ် မကြာပါဘူး ရောက်လာတဲ့ ဇာတ်လိုက်ကောင်
သူ့ကို စိုက်ကြည့်နေတာများ မျက်လုံးကြီးပေါက်ထွက်တော့မဲ့အတိုင်းဘဲ သူလည်း မမြင်သလိုဟန်ဆောင်ပီး နားကြပ်တပ်ကာ ငေးနေလိုက်တယ်

အတန်းချိန်ပီးတော့ သူ့ရှေ့ကိုရောက်လာတဲ့ ဇာတ်လိုက်ကောင်
''ဟိတ် မင်းကကျောင်းသားသစ်လား ငါ့နာမည်က ဂျက်ခ် ငါတို့သူငယ်ချင်းလုပ်ကြမလား''
''စိတ်မဝင်စားဘူး ခွင့်ပြုပါဦး ''
''အယ် နေပါဦး ဟိတ် ကျောင်းသားသစ်''

Cupid system(Completed)Donde viven las historias. Descúbrelo ahora