ဂျိမ်း သူ့ညီဂျက်ခ်ကို ကြိုဖို့ ထွက်လာခဲ့တယ် သူနဲ့သူ့ညီဂျက်ခ်က 8နှစ်လောက်တော့ကွာမယ် သူ့ညီအဆိုးလေးက သူကျောင်းလာကြိုတျုင်း တွေ့သမျှကောင်လေးတွေနဲ့ ပေးစားတတ်လွန်းလို့ သူ့မှာလာရတာ ခပ်လန့်လန့်
သူလည်း ကျောင်းထဲကိုဝင်လာရင်း တွေ့ပါပီ သူ့ကိုထိုင်စောင့်နေတဲ့ သူ့ညီနဲ့ ဘေးကကောင်လေးတစ်ယောက် သူအဲ့ကလေးကို သေချာကြည့်လိုက်တော့ ဖြူစွတ်နေတဲ့ အသားလေကို အကျီင်္black and whiteတွဲဝတ်ထားတာလေးက သူ့အသားအရေကို ပိုပီးတော့ ပေါ်လွင်စေတယ်
'နေပါဦး ငါကအခုကောင်လေး တစ်ယောက်ကိုကြည့်ပီးတော့ ဝေဖန်နေတာလား 'သူလည်း ခပ်တည်တည်နဲ့ ဂျက်ခ်တို့ဆီကို လျှောက်လာခဲ့တယ်
''ရောက်ပီလား ကိုကြီး ဂျက်ခ်စောင့်နေတာကြာလှပေါ့''
''အင်း ဆောရီး ကိုကြီး နည်းနည်းနောက်ကျသွားတယ်''
''ဒါနဲ့ ကိုကြီး ဒါဂျက်ခ်သူငယ်ချင်း ဆမ်တဲ့''
''အင်း''
''တွေ့ရတာဝမ်းသာပါတယ် ကိုကြီး''ဂျိမ်း သူ့ညီမိတ်ဆက်ပေးလို့ ဆမ်ဆိုတဲ့ ကောင်လေးကို သေချာကြည့်လိုက်မှ ဖြူပုနေတဲ့ အသားလေးရယ် ရဲနေတဲ့ နှုတ်ခမ်းလေးရယ် မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ကော့နေတဲ့ မျက်တောင်ရှည်လေးတွေက သူ့ကိုပိုလှအောင် ပံ့ပိုးပေးနေသလိုဘဲ
'လှတယ် ဘာဘီရုပ်ကလေးလိုဘဲ'''ကိုကြီး ''
''အမ် ပြောလေ ဆမ်''
''ကိုကြီးကတော့ ဆမ်ကခေါ်တာမဟုတ်ဘူး ဂျက်ခ်ကခေါ်တာ''
''အော် ဟုတ်လား ဂျက်ခ်ပြောလေ''
''အဟင်း ဆမ့်ကို ကိုကြီးလို့မခေါ်နဲ့လို့ ပြောနေတာ''
''အာ့ဆို ဘလိုခေါ်ရမှာလဲ ဂျက်ခ်ကလည်း''
''ဟီး ကိုကိုလို့ခေါ်လေ''
''ဂျက်ခ်ကလည်း ''
''ရတယ် အဲ့လိုခေါ်လည်း ဆမ်အဆင်ပြေသလို ခေါ်လို့ရပါတယ်''''မရပါဘူး ကိုကိုလို့ဘဲခေါ်ရမယ် ကိုကြီးဆိုတာက ငါတစ်ယောက်တည်းခေါ်မှာ''
''ဂျက်ခ်ကလညိးကွာ ကလေးကျနေရော''
''ကိုကြီးကလည်း''
''အင်းပါ အာ့ဆို ကိုကိုလို့ဘဲခေါ်တော့မယ် ရလား ကိုကို''
''အွန်း သိပ်ရတာပေါ့''''အာ့ဆိုငါပြန်တော့မယ်နော် ဂျက်ခ်နဲ့ ကိုကို''
''ဆမ်က ဘာနဲ့လာတာလဲ ကိုကိုပြန်ပို့ပေးမယ်လေ''
''ဟုတ်သားဘဲ ဆမ်ကလည်း''
''ဟင့်အင်း အားနာစရာကြီး ငါ့ဘာသာbusနဲ့ ပြန်ပါ့မယ်''
''ဘာအားနာစရာလိုလဲ နောက်လဲ အမျိုးတွေဖစ်လာမဲ့ဟာကို''
''ဟမ် ''
''အဟင်း ဘာမှဟုတ်ဖူး ငါပြန်ပို့ပေးမယ်လို့ ပြောတာပါဆမ်ရဲ့ ဟီး''