Arc3.5

8.7K 699 13
                                        

ဆမ် တစ်နေကုန် ပျင်းနေတယ် ဟုတ်တယ်လေ သူမှစာတွေမသင်ချင်တာ ပီးတော့ ဒီကမ္ဘာက အရမ်းလွယ်ကူနေလွန်းတယ် သူ့ကိုစိတ်မလှုပ်ရှားစေဘူး
'အဲ့တာဆို နောက်ကမ္ဘာကျ အထက်ကို ခက်တာလေး ပို့ဖို့ပြောလိုက်မယ်လေ'
'မလုပ်ရဘူးလေ အဲ့လို ရှန့်ရှန့်ကလည်း'
'ဟွန့် သူများကစေတနာနဲ့ လွယ်တာကျအောင် ပြောပေးထားတာကို ပျင်းသလေးဘာလေးနဲ့ အမြင်ကပ်ရင် ခက်တဲ့ဆီပို့ခိုင်းလိုက်မှာ'
'အေးပါ အေးပါ ငါမှားတာပါ '

'သိပီးတာဘဲ ဟွန့်'
'အေးပါ ငါတို့ရှန့်ရှန့်လေးကသာ အကောင်းဆုံး ဒါနဲ့ ဇာတ်လိုက်မက ဘာမှ မလှုပ်ရှားသေးဘူးလား'
'အင်း ကျန့်ကျန့်ကို သတ်ဖို့ လူရှာထားတယ် '
'အယ် ဟုတ်လား နေပါအုံး ငါ့ကိုသတ်ဖို့ဆိုရင် vampireဆယ်ယောက်လောက် ခေါ်ခဲ့မှရမှာ'
'ကိုယ့်ကိုကိုယ်အထင်ကြီးနေ ဟိုကတကယ်လာမှ ပြေးပေါက်ပိတ်နေမယ် '
'ဟားဟား လာပါစေ ရှန့်ရှန့်ရယ် မကြောက်ပါဘူး ငါကဘသူမို့လဲ'

''ဆမ် ဟေ့ ဆမ် ဘယ်ငေးနေတာလဲ''
''အော် ဂျက်ခ် ပြောလေ''
''အင်း အတန်းပီးရင် ပြန်ရအောင်လို့''
''အွန်း ဒါနဲ့ ကိုကိုကမလာဘူးလား''
''အင်း အစည်းဝေးရှိလို့တဲ့ ကိုယ့်ဘာသာကို ပြန်ခဲ့တဲ့ ပီးတော့ မင်းအထုပ်တွေကို မနက်မှ သူသွားယူပေးမယ်တဲ့''
''အော် ဟုတ်လား အင်း အာ့ဆိုပြန်မယ်လေ''

သူတို့အိမ်ပြန်ဖို့ ကျောင်းထဲကအထွက် ထုံးစံအတိုင်း ရှေ့ကလာရပ်တဲ့ ခွေးကောင်တွေ
''ဂျက်ခ် မင်းပြန်နှင့် ငါဒီကောင်တွေနဲ့ စာရင်းရှင်းစရာရှိလို့''
''မပြန်ဘူး ငါပါနေမယ် မင်းကိုတစ်ယောက်တည်း မထားခဲ့နိုင်ဘူး''
''သွားပါ ဂျက်ခ်ရာ ငါကဘာမှမဖစ်ပါဘူး မင်းသာကိုကို့သွားပြောချည်''
''ဒါပေမဲ့''

''စကားကိုများတယ် ဟိုကောင်လေး ပြန်မှာမလား သွားနားကိုညီးတယ် မင်းနေခဲ့ ငါတို့ရှင်းစရာရှိတယ်''
''ရော့ကွာ ခွပ် ခွပ် ဖြောင်း ''
''လေကိုပေါတယ် မြန်မာကားတွေကျနေရော ဂျက်ခ်သွားပါဆို မင်းကလည်း ငါမိန်းကလေး မဟုတ်ဘူး မပူနဲ့ အ့ ''
''နောက်ကနေရိုက်ရဲတယ်ပေါ့ သွေးကြောင်လိုက်တာ လာစမ်း''

ဆမ်လည်း ဂျက်ခ်ထွက်သွားတာ သေချာမှ သူ့ရဲ့မိုးကြိုးလက်ပတ်ကို ထုတ်သုံးလိုက်တယ်
''ဖြောင်း မင်းတို့လို ကောင်တွေကများ ငါ့ကိုသတ်နိုင်မယ်ထင်လို့လား ဟက်''
''သေချာပေါက် မဟုတ်ဘူးပေါ့ သူတို့လို မဖစ်စလောက် လူသားလေးက မသတ်နိုင်ပေမယ့် ငါ့လို အဆင့်မြင့် vampireမကတော့ သတ်နိုင်တယ် ဟိုလူတွေ ချုပ်ထားလိုက်ကြစမ်း သူ့ကို''


Cupid system(Completed)Dove le storie prendono vita. Scoprilo ora