''all mission colmplete တဲ့အတွက် ဂုဏ်ယူပါတယ် ကျန့်ကျန့်''
''အွန်း ဘိုလိုတွေ မှုတ်လို့ပါ့လား''
''အဟမ်း ဒီလိုဘဲလေ ဘသူမို့လို့လဲ အားရှန့်ဘဲဟာ''
''အွန်း ငါ့ရဲ့ရှန့်ရှန့်လေးကသာ အတော်ဆုံး ဒီတခါလည်း လွယ်တဲ့ကမ္ဘာလေးထဲ ပို့ပေးနော်''
''အင်း အဲ့ကကတော့ အထက်နဲ့ဘဲဆိုင်တယ် ဟီး အာ့ဆို ကိုယ်ရေးမှတ်တမ်းပြမယ်နော်''''အမည် -xiao zhan
ဝိညဉ်စွမ်းအား -4
ပြီးမြောက်သောကမ္ဘာ -4/10
အရည်အချင်း-အတိုက်အခိုက်,ဆေးပညာ
ပိုင်ဆိုင်မူ-မှော်တုတ်တံ,မိုးကြိုးလက်ပတ်,အသက်ကယ်ဆေးလုံးတစ်လုံး''
''ဝိုးဝိုး အသက်ကယ်ဆေးလုံးက ဘာလဲ လက်ဆောင်ရတာလား''
''အဟမ်း ဟုတ်တယ် ကျန့်ကျန့်ပင်ပန်းနေမှာစိုးလို့တဲ့ အဲ့တာက သေခါနီးလူကို တိုက်ရင်မသေတော့ဘူး''
''ဟမ် သေပီးသားလူကျရော မရဘူးလား''
''မရဘူးလေ သေပီးမှတော့ မရှင်နိုင်တော့ဘုး သေခါနီးလူကျ မသေတော့ဘူးလေ အဲ့လိုမျိုး'
''စွမ်းရည်တစ်ခုသင်လို့ရပါမယ် ကျန့်ကျန့်ပန်းချီ
အချက်အပြုတ်
တူရိယာတီးခတ်ခြင်း''
''တူရိယာတီးခတ်ခြင်းက အစုံတီးတတ်တာလား အဲ့လိုလား''
''ဟုတ်ပါတယ် ကျန့်ကျန့်''
''အာ့ဆို အဲ့တာသင်မယ် ပြောဇာတ်ကြောင်း''''ဒီကမ္ဘာရဲ့ ဇာတ်လိုက်က William Jamesသူက ချောမောပီး အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက် သူဟာ Jgroupရဲ့ တစ်ဦးတည်းသောသား တစ်ယောက်ဖစ်ပီး ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီးပေါ့ တစ်နေ့မှာ သူက ဇာတ်ကားတစ်ကားရိုက်ဖို့ ကမ်းလှမ်းခံရတယ် bromanceကားပေါ့ သူလည်း အသစ်အဆန်းဆိုတော့ လက်ခံခဲ့တယ် အဲ့ဇာတ်ကားမှာ သူနဲ့အတူတူ သရုပ်ဆောင်ရမဲ့သူက Greyတဲ့ သူကgreyဆိုတဲ့ နာမည်နဲ့အလိုက် မီးခိုးရောင်မျက်ဝန်းလေးကို ပိုင်ဆိုင်ထားပီး မြင်သူတကာ ချစ်ခင်သွားစေမယ့် မျက်နှာလေးကို ပိုင်ဆိုင်ထားတယ် သူကနယ်ကနေတက်လာပီး အနုပညာထဲကို ကိုယ့်အားကို ကိုးပီးတက်လာတဲ့သူပေါ့ ဒီကမ္ဘာရဲ့ ဇာတ်လိုက်မက Bella သူမကလှပီး ထက်မြက်တဲ့ သူတစ်ယောက် သူမကလည်း အဲ့ဇာတ်ကားထဲမှာ ကမ်းလှမ်းခံရတယ် သူမကတော့ ဇာတ်လိုက်နှစ်ယောက်ရဲ့ အချစ်တွေခိုင်မြဲစေဖို့ ကြိုးစားပေးတဲ့ ဗီလိန်နေရာကပေါ့ ''
