ဝေ့ရင်း ဇာတ်လိုက်ဘေးက ဇာတ်လိုက်ညီလန်ဝမ့်ကျီးရဲ့ အမဲဖြတ်ချင်သလို ကြည့်နေတဲ့ အကြည့်ကြောင့် မြန်မြန်ထွက်လာခဲ့တယ်
'ကျန့်ကျန့်ရယ် အပျိုဖြန်းလေးကြလို့ '
'မင်းမေကြီးတော်ကို အပျိုဖြန်း သူ့အကြည့်ကြီးက ကြက်သီးထစရာကောင်းလို့'
'ဟူလား မသိပါဘူး ရှက်ပီးတော့များ ထွက်ပြေးလာတာလားလို့'
'ထွက် ထွက်ပြေးစရာလား အားရှန့်မင်းငါ့ကို လာမစနဲ့နော် '
'ဟ ဟ မစတော့ဘူးနော် အပျိုဖြန်းလေး '
'ချီးကိုအပျိုဖြန်း ဇာတ်လိုက်မဘာလုပ်နေတယ်ဆိုတာ စုံစမ်းပေး'
'ok ခ အခုသွားလိုက်ပါမယ်'
'အွန်း'
ဝေ့ရင်းလည်း ပျင်းပျင်းနဲ့ လျှောက်ကြည့်ရင်း ကျောက်တုံးတွေနဲ့ အအေးဆောင်ကြားကို ရောက်လာခဲ့တယ် သူရောက်လာတော့ လူတစ်ယောက်ကို ရိပ်ခနဲတွေ့လိုက်တာကြောင့် နောက်ကနေ လိုက်သွားတော့
''ဘသူလဲ''
''အ့ အ့ လွှတ်ပေး ကျနော်ပါ ဝေ့ရင်း အကိုဝမ့်ကျီး လွှတ်ပေး''
''ဝေ့ရင်း ဒီကိုဘာလာလုပ်တာလဲ ''
''အဟဲ ကျနော်က လျှောက်ကြည့်ရင်းနဲ့ ရောက်လာတာပါ တမျိုးမထင်ပါနဲ့''
''ဒါနဲ့ အကိုဝမ့်ကျီး လန်အိမ်တော်ကို ဝမ်အိမ်တော်က လူတွေဝင်လာတဲ့ ကိစ္စ မှာသူလျိုရှိတယ်လို့ မထင်ဘူးလား''
''မင်းကဘလိုထင်လို့လဲ''
''ကျနော်ကတော့ လီအိမ်တော်က ပါဝင်နေမယ်လို့ထင်တယ် ကျနော်တောထဲမှာ လမ်းမပျောက်ခင်တုန်းက လီအိမ်တော်က မမလေးနဲ့ ဝမ်အိမ်တော်က သခင်လေး တို့စကားပြောနေကြတာ တွေ့ခဲ့တယ်''
''သက်သေရှိလား မင်းမှာ''
''အာ အဲ့တာကတော့ ဘလိုလုပ်ရှိမှာလဲ''
''မရှိရင် ရမ်းသမ်းပီး အမြင်နဲ့ ဆုံးဖြတ်လို့မရဘူး''
''ဒါမဲ့ ဒါမဲ့ အယ် ဝေ့ အကိုဝမ့်ကျီး ဘယ်သွားတာလဲ လန်ကိုကိုလေး ဝေ့ လန်ကျန့်''
သူနဲ့ စကားပြောနေရင်း လှည့်ထွက်သွားသော လန်ဝမ့်ကျီးကြောင့် သူလှမ်းခေါ်လိုက်တယ် လန်ကျန့်လို့ခေါ်မှ လှည့်ကြည့်လာတဲ့သူ
'သွားပီ ငါတော့ မီးလောင်ပီ'
''ဟဲဟဲ တမျိုးမထင်ပါနဲ့ ကျနော်က ဒီတိုင်း ခေါ်လိုက်တာပါ''
''ငါ့နောက်လိုက်မလာနဲ့ ''
''အယ် ဘာလို့လဲ အမေ့''
ဝေ့ရင်းပြောစကားနားမထောင်ဘဲ လန်ကျန့်နောက်ကိုလိုက်သွားတာ ခြေချော်ပီး လှဲကျသွားတော့တယ် သူလည်းလန့်နေတဲ့အရှိန်ကြောင့် ရှေ့က လန်ကျန့်ကိုပေါ် တခါတည်း ဆွဲခေါ်မိသွားတယ် အခုဆို သူတို့နှစ်ယောက်က ထပ်ရက်ကြီး
'ဝှက်သယ် ဘာလို့ ငါ့ရင်ဘတ်က ခုန်နေရတာလဲ မောလို့နေမာပါ မောလို့'
