Arc7.2

7.7K 619 28
                                        

မင်းစေရာ ကျောင်းကို အဆောက်အဦးကိစ္စနဲ့ သွားဖို့ သွေးကိုခေါ်ပီး ထွက်လာခဲ့တယ် သူကျောင်းကိုအလာ တစ်ဖက်က ကောင်လေးနဲ့ သူ့ကားဝင်တိုက်မိတယ် သွေးကိုဆင်းကြည့်ခိုင်းလိုက်တော့ အဆင်မပြေဘူးထင်ပါရဲ့ ဟိုကောင်သွေးကလည်း ကလေးနဲ့တုရန်ဖစ်နေတာကြောင့် သူဆင်းလာခဲ့တယ်

ဘာဖစ်သွားသေးလဲ မေးရင်း ကောင်လေးကိုကြည့်လိုက်တော့ ဝိုင်းစက်နေတဲ့ မျက်လုံးတွေနဲ့ သူ့ကိုကြည့်နေတာတွေ့ရတယ် သေသေချာချာကြည့်မှ ကောင်လေးက တော်တော်လှတာဘဲ သူ့ဘဝမှာ ဘသူ့ကိုမှ လှတယ်လို့မထင်ဘူးပေမယ့် ကောင်လေးကတော့ တော်တော်ကိုလှတယ်လို့ပြောရမယ် ကောင်လေး အင်း အဲ့ကောင်လေးကို သူမသိလိုက်ပါနဲ့ ပေါက်စဟုခေါ်မိသွားတယ် ပေါက်စလို့ခေါ်တော့ သူ့ကိုနာမည်ပြောလာတဲ့ ပေါက်စ နာမည်က ပြိုင်စံရှား တဲ့ ဟုတ်တယ် ကိုယ့်အတွက်တော့ ပေါက်စက ကိုယ့်ရဲ့ နှစ်ဦးမရှိတဲ့ ပြိုင်စံရှား လေး

သူလည်း ကျောင်းကို မသွားတော့ဘဲ ပေါက်စကို ဆေးခန်းသွားပို့ပေးဖို့ ဆုံးဖြတ်လိုက်တယ်

ဆေးခန်းရောက်တော့
''ဆရာ ခြေထောက်ဘာဖစ်သွားလဲ ကြည့်ပေးပါအုံးဗျ''
''အင်း  ကြည့်ရတာ အရွတ်ရောင်သွားတဲ့ပုံဘဲ ဆေးလိမ်းပီး ပတ်တီးစည်းပေးလိုက်မယ် ကျန်တာကတော့ ပွန်းရုံလောက်ပါဘဲ သိပ်မထိခိုက်ပါဘူး''

''ဟို ဦး သား ကိုကိုဆီ phခေါ်ချင်လို့ အဲ့တာ လွယ်အိတ်ထဲက phလေးယူပေးပါလား''
''အော် အင်း ရော့ရှားငယ်''
''ဟုတ် ဟလို ကိုကို သားကားတိုက်ခံရလို့ အဲ့တာ ဆေးခန်းရောက်နေတယ် ကိုကိုအဆင်ပြေရင် သားကိုလာခေါ်ပါလား ဟူတ် သားစောင့်နေမယ်''

''အော် ပေါက်စရယ် ဘာများလဲလို့ ဦးအိမ်ကို ဝင်ပို့ပေးခဲ့လို့ရပါတယ်''
''မဟုတ်တာ သားကအားနာလို့''
''အေး မဆိုးဘူး အလိုက်သိတယ် မင်းကြောင့် ငါတို့ အလုပ်ပျက်ရတာ  သိလား''
''အင့် သားသိပါတယ် သားတောင်းပန်ပါတယ် အခု ဦးတို့သွားလို့ရပီ''
''သွေး မင်းဘလိုပြောလိုက်တာလဲ ကလေးကို ပေါက်စ ဦးတို့က ဘာမှမဖစ်ဘူးနော် အလုပ်လည်းမပျက်ဘူးရယ် အားမနာနဲ့ ပိးတော့ ပေါက်စအပြစ်မဟူတ်ပါဘူး ဦးတို့လည်း မှားတာဘဲဟာ မျက်ရည်တွေဝဲမနေနဲ့ တိတ်တော့ ဟုတ်ပီလား''
''ဟင့် ဟုတ် ဦး''

Cupid system(Completed)Donde viven las historias. Descúbrelo ahora