၂(U+Z)

15.6K 1.8K 18
                                    

Unicode

တခြားကောလိပ်ကျောင်းသားတွေအတွက် ကျောင်းပိတ်ရက်တွေက အနားယူပြီးအပန်းဖြေဖို့အတွက်ဖြစ်ချင်ဖြစ်နိုင်ပေမယ့် ပိုင်ယန်အတွက်တော့ အားလပ်ရက်ဟူသည် ငွေရှာဖို့အချိန်ကောင်းတစ်ခုသာမှတ်ယူလို့ရသည်။

သူယခု ပိတ်ရက်များနှင့်အခြားရက်များ၏ညပိုင်းတွင်စားသောက်ဆိုင်ကြီးတစ်ခုတွင်အလုပ်ဆင်းလျက်ရှိသည်။ စားသောက်ဆိုင်ကအတော်လေးနာမည်ကြီးသည်။ Aမြို့တော်မှ ထိပ်တန်းတရုတ်စားသောက်ဆိုင်ကြီးများတွင်ပါဝင်လေသည်။ ထို့ကြောင့် လခမှာလည်းတခြားနေရာများထက်ပိုပိုသာသာလေးရသည်။ ပိုင်ယန်ကသာမန်စားပွဲထိုးလေးတစ်ဦးဖြစ်ပေမယ့် သူ၏ရုပ်ရည်မှာနှစ်လိုဖွယ်ချောမောလှသည့်ရုပ်ရည်ဖြစ်နေ၍ စားသုံးသူများကသဘောကျလှသည်။တခြားလုပ်ဖော်ကိုင်ဖက်များကလည်း သူ၏အခက်အခဲတို့ကိုနားလည်ကာ ကူညီဖေးမကြသည်လည်းရှိကာ ဤဆိုင်၏သူဋ္ဌေးကလည်း သူ့ကိုဘောနပ်မှန်မှန်ဆုချသည်မို့ သူသည်အလုပ်လေးနှင့်အတော်ပင်အဆင်ပြေလှ၏။

အခု သူတက္ကသိုလ်တွင်တတိယနှစ်ပင်ရောက်လာပြီဖြစ်၍ တခြားတည်တည်ငြိမ်ငြိမ်အလုပ်လေးရှာလို့အဆင်ပြေနေပြီဖြစ်သည်။ ထို့အပြင် သူကSတက္ကသိုလ်ကတရုတ်စာပေဋ္ဌာနတွင်ထိပ်တန်းကျောင်းသားလည်းဖြစ်ပေရာ ထိုကဲ့သို့တည်တည်ငြိမ်ငြိမ်အလုပ်မှာလျှောက်လို့အဆင်ပြေလောက်မည်။ သူသာငွေအလျင်လိုမနေဘူးဆိုလျှင် ယခုအလုပ်ကဲ့သို့ပင်ပင်ပန်းပန်းအလုပ်မျိုးကိုရွေးမည်မဟုတ်။
ကံကောင်းသည်က အခုညီမလေးရဲ့ကုန်ကျစရိတ်တွေကိုလှူမည့်သူပေါ်လာ၍ သူဝန်အနည်းငယ်ပေါ့သွားခြင်းပေ။

တခြားအလုပ်ရှာလို့မရသေးသရွေ့ပိုင်ယန်သည်ဒီစားသောက်ဆိုင်လေးသို့ အချိန်မှန်အလုပ်လာဆင်းရမည်ပင်။ တခြားပိတ်ရက်နေ့တွေလိုပဲ မနက်စောစောအလုပ်လာ၊ ဝန်ထမ်းများအဝတ်လဲခန်းတွင်သေချာသပ်သပ်ရပ်ရပ်လေးဝတ်စားပြီး ဆံပင်ကိုလည်းသေချာပြင်ဆင်လိုက်ကာ တောက်ပစွာပြုံးကြည့်လိုက်ပြီးမှန်ထဲတွင်ထင်နေသောအရိပ်ကိုကြည့်နေမိ၏။ မှန်ထဲတွင်သန့်ရှင်းသပ်ရပ်နေသောမျက်နှာချောချောတစ်ခုကထင်ဟပ်လို့နေ၏။

Affection[Complete]Where stories live. Discover now