၂၂(U+Z)

11K 1.6K 48
                                    

Unicode

တစ်ချိန်တည်းမှာပင် ရှောက်မိသားစုအိမ်တွင်ဧည့်သည်များနှင့်ရှုပ်ယှက်ခတ်နေ၏။

ရှောက်ကော်ခန်းမှာဧည့်သည်များကိုဧည့်ခံနေရင်းအလုပ်ရှုပ်နေ၏။ သူလှည့်ကြည့်လိုက်တော့ ဖုန်းလေးကိုစိတ်လွတ်နေသူတစ်ယောက်ပမာငေးကြည့်နေသောသားဖြစ်သူကိုတွေ့လိုက်ရသည်နှင့် စနောက်လိုက်မိသည်။

"ဘယ်သူ့ဆီကစာကိုမျှော်နေတာလဲ''

ရှောက်ချန်ကဖုန်းကိုအိတ်ကပ်ထဲပြန်ထည့်လိုက်ရင်းပြန်ပြော၏။

"ကျွန်တော် အဖေ့ကိုပြောထားသားပဲ။ ဒီညချိန်းထားတာရှိတယ်လို့။ ဘယ်အချိန်ပေးသွားမှာလဲ''

မေမေရှောက်ကနားထောင်ပြီး ညည်းညူလေသည်။

"ဒီနေ့က သားအဖေရဲ့မွေးနေ့လေကွယ်။ အိမ်မှာခဏလောက်ထပ်နေပေးရတာ ဘာဖြစ်မှာမို့လဲ။ သားလည်းအမေတို့ဆီအမြဲလာနေတာမှမဟုတ်တာ။ အလကားအရွယ်ရောက်လာတာပဲ''

"အိုင်း သားကအရွယ်ရောက်လာပြီပဲဟာ''

ရှောက်ကော်ခန်းကပြုံးလိုက်သည်။

"သူဒီလောက်စိတ်ဂဏှာမ​ငြိမ်​ဖြစ်နေတာကြည့်ပါဦး။ ဒါနယူးရီးယားအကြိုနေ့လေ(Dec31) သေချာပေါက်ကို သူ့ကောင်မလေးနဲ့သွားတွေ့ဖို့ပဲနေမှာပေါ့''

 ရှောက်ချန်ကပြောလိုက်သည်။

"အဖေ ကျွန်တော်အဖေ့အတွက်ဧည့်သည်တွေကိုတစ်နေကုန်ဧည့်ခံပေးပြီးပြီ။ အခု ဘာမှလုပ်စရာမရှိတော့ဘူးဆိုတော့ ကျွန်တော်သွားလို့ရပြီလား''

ရှောက်မေမေက တစ်ခုခုပြောချင်ပေမယ့် ဖေဖေရှောက်က တားလိုက်ပြီး ရှောက်ချန်ကိုလက်ယမ်းပြလိုက်ကာ-

"မင်းသွားလို့ရပြီ။ နောက်တစ်ခါ အဲ့မိန်းကလေးကိုအဖေတို့ဆီခေါ်လာပြဖို့မမေ့နဲ့ဦး''

ရှောက်ချန်လည်းအမြန်ထရပ်လိုက်ပြီးတံခါးကနေထွက်သွားတော့သည်။

ယနေ့သည် ဥက္ကဋ္ဌရှောက်၏မွေးနေ့ဖြစ်သောကြောင့် မနက်ကတည်းကဧည့်သည်များတဖွဲဖွဲရောက်လာကာမွေးနေ့ဆုတောင်းနှင့်အတူ လက်ဆောင်ပစ္စည်းများပေးကြသည်။ ဆေးရုံမှဆရာဝန်နှင့်သူနာပြုများလည်းလာရောက်ချီးကျူးဂုဏ်ပြုကြ၏။ ရှောက်ချန်လည်းတစ်နေကုန်ဧည့်သည်များကိုဧည့်ခံပေးနေရရှာသည်။

Affection[Complete]Where stories live. Discover now