၃၃(U+Z)

11.6K 1.5K 69
                                    

Unicode

နေ့လည်လောက်ရောက်တော့ ကုဝေဟောက်ကသူ့ကိုလာခေါ်သည်။ ပိုင်ယန်လက်ထဲက ကိုင်ထားသောနာရီ၏ဘရန်းကိုလည်းမြင်ရော သူ့ကိုစနောက်၏။
"ဝါး မိုက်ချက်ပဲ ရှောက်ချန်မြင်ရင်အော်တောင်ငိုလောက်မယ်''

ပိုင်ယန်ကပြုံးပြီးဘာမှပြန်မပြောမိပေ။

မြို့ထဲက ဗီလာဆီမောင်းဖို့နာရီဝက်မျှကြာလေသည်။ ရှောက်ချန်နေနေသောဗီလာထက်သုံးလေးဆမျှပိုကြီးသောဗီလာကြီးပင်။ ပန်းဥယျာဥ်အကြီးကြီးတစ်ခုနှင့် ရေကူးကန်တစ်ခုလည်းရှိလေသည်မို့ အတော်လေးအထက်တန်းဆန်သောစံအိမ်ကြီးဖြစ်၏။

ရာသီဥတုကသာယာနေပြီး နွေဦး၏နေခြည်နွေးနွေးလေးကဖြာဆင်းနေသည်။ ဗီလာအရှေ့ဖက်အခြမ်းတွင် အရသာရှိသောအစားအသောက်များနှင့်ဧည့်ခံထား၏။ အားလုံးကစကားစမြည်ပြောနေကြသည်။ ကျောက်ရော့ထုံလည်းလာပေမယ့် ပိုင်ယန်ကိုပိုလို့အံ့သြစေသည်ကစုန့်ချီပင်ရောက်နေသည့်ကိစ္စဖြစ်သည်။

ကုဝေဟောက်ကအသံတိုးတိုးလေးနှင့်ရှင်းပြ၏။
"စုန့်ချီကမဖိတ်ဘဲလာတာထင်တယ်။ ရှောက်ချန်ကလည်းသူ့ကိုအရေးအရာလုပ်ပြီးမောင်းထုတ်မနေတော့ဘူးလေ။ မင်းလည်းသူနဲ့ဝေးဝေးနေ''

ပိုင်ယန်ကခေါင်းလေးငြိမ့်ပြလိုက်ပြီးစုန့်ချီသူ့ကိုမမြင်ခင် အမြန်ရှောင်နေလိုက်၏။ ခဏကြာတော့ ကုဝေဟောက်ကိုတခြားသူများကလာဆွဲခေါ်သွား၍သူတစ်ယောက်တည်းကျောက်ရော့ထုံနှင့်ကျန့်ခဲ့သည်။

ကျောက်ရော့ထုံကပိုင်ယန်ကိုတွေ့ရသည့်အတွက်အတော်လေးပျော်နေဟန်ရှိသည်။ ပိုင်ယန်ကသူမနှင့်သာမန်အတိုင်းစကားပြောနေမိကာ လေထုကသက်တောင့်သက်သာရှိလာ၏။ တကယ်ကြီး ကုဝေဟောက်ပြောသလိုသူ့အနေအထားနဲ့မကိုက်ညီတာဘာညာဆိုတာတကယ်ရှိမနေချေ။ သူလည်းသာမန်ဆန်ဆန်ဝတ်လာပေမယ့် ဘယ်သူမှသူ့ကိုအထူးတဆန်းလုပ်ပြီးကြည့်မနေပေ။

သူ့လက်ထဲကအိတ်ကိုကြည့်ပြီးကျောက်ရော့ထုံကမေး၏။
"ဒီဟာကဝယ်လာတာလားဟင် အရမ်းစျေးကြီးတဲ့ဘရန်းထင်တယ်''

သူမဘာပြောချင်လဲဆိုတာပိုင်ယန်ကသဘောပေါက်ကာပြုံးပြီးပြော၏။
"ရှောက်ချန်အတွက်မွေးနေ့လက်ဆောင်လေ။ သူက ကျွန်တော့်ကိုအများကြီးကူညီပေးခဲ့လို့။ ဒီလိုအရာလေးကဘာမှမဟုတ်ပါဘူး။ ဒါနဲ့ မင်းသူ့ကိုတွေ့မိလား''

Affection[Complete]Where stories live. Discover now