၁၃(U+Z)

10.9K 1.6K 12
                                    

Unicode

သူညနေအိမ်ပြန်ရောက်သည့်အချိန်တွင် ရှောက်ချန်ဆီမှပထမဆုံးအသံmessageဝင်လာလေသည်။ သူကရွှင်ပျစွာနားထောင်လိုက်သော်လည်း တခြားတစ်ဖက်ကအေးတိအေးစက်အသံနှင့် ဒီနေ့ဘာဖြစ်ခဲ့လဲဆိုတာကိုမည်သူ့ကိုမျှမပြောပြရန်သတိပေးလာသောစာပင်။

သူကချက်ချင်းပဲ'ကောင်းပြီ'ဟုစာပြန်လိုက်ပြီး နောက်စာတစ်စောင်ထပ်ပို့လိုက်ပြန်၏။
[နောက်ရော ခင်ဗျားဆီစာပို့လို့ရမလားဟင်]

 [လုပ်ချင်တာလုပ် ]

ပိုင်ယန်သည် ရှောက်ချန်နှင့်ပိုရင်းနှီးလာပြီဟုခံစားရသည်။ သူယခင်ကဆိုလျှင် ရှောက်ချန်အနှောင့်အယှက်ဖြစ်မည်ကိုစိုးရိမ်နေခဲ့ရသည်။ ထို့ကြောင့်ဘယ်သောအခါမှစာမပို့ရဲခဲ့ပေ။ ဒါပေမယ့် ယခုတော့ သူစာပို့ခွင့်ပါရလာပြီး ဟိုဖက်ကပြန်စာပါပို့လာခဲ့ပြီလေ။ သူယခု ရှောက်ချန်ဆီ စာပို့လို့ရပြီ။ သူလည်းသူ့အခန်းကျဥ်းလေးကိုလှည့်ပတ်ကြည့်လိုက်ပြီး ဓာတ်ပုံရိုက်စရာဘာအရာမှရှိမနေတော့ ဒီညစားဖို့ချက်ထားသည်ဟင်းသီးဟင်းရွက်ဟင်းခွက်ပုံကိုသာရိုက်ပို့လိုက်လေတော့သည်။

   [ဟင်းခွက်ပုံ] 

[ ကျွန်တော်ဟင်းလည်းချက်တတ်တယ်။ ဟင်းအသွင်အပြင်ကသိပ်ကြည့်မကောင်းပေမယ့် အရသာကအဆင်ပြေချက်ပဲ။ ခင်ဗျားစားချင်ရင် ကျွန်တော်ချက်ကျွေးမယ်လေ]

 သူကအလွန်တရာမှပျော်ရွှင်နေသောကြောင့်ထိုစာတို့ကိုမစဥ်းစားဘဲပို့လိုက်ခြင်းဖြစ်သည်။ နောက်မှ သူတွေးမိသည်က ရှောက်ချန်လိုလူမျိုးကဒီလိုဟင်းကိုဘယ်စားမလဲနော်၊ အိမ်ကစားဖိုမှူးချက်ပေးသည့်ဟင်းလျာများကိုသာသုံးဆောင်ပေလိမ့်မည်လေ။ သူဘယ်လိုတောင်အတင့်ရဲလိုက်လဲ။ ထို့ကြောင့် သူဟင်းပုံလေးနှင့်စာများကိုအမြန်ပြန်ဖျက်လိုက်လေသည်။

သို့ပေမယ့် ရှောက်ချန်ကထိုစာနှင့်ပုံကိုမြင်နှင့်ပြီးဖြစ်လေရာ

 [မလိုဘူး]

ဟူသောစာလုံးသုံးလုံးပြန်ပို့လာ၏။

ပိုင်ယန်လည်း ဖုန်းကိုကြည့်ပြုံးပြုံးလိုက်လေသည်။ ပြီးမှ စာပြန်ပို့လိုက်၏။

Affection[Complete]Where stories live. Discover now