၃၀(U+Z)

11.7K 1.5K 20
                                    

Unicode

ဆောင်းရာသီအားလပ်ရက်၏သုံးပတ်မြောက်သည် တရုတ်နှစ်သစ်ကူးပွဲတော်ဖြစ်သည်။ ရှောက်ချန်ကဗီလာကနေလွန်ခဲ့တဲ့နှစ်ရက်လောက်ကတည်းကထွက်သွားပြီး သူ့မိဘတွေ၊အဘိုးအဘွားတွေရှိတဲ့အိမ်ကိုပြန်သွားပြီဖြစ်၏။ ထွက်မသွားခင် သူပိုင်ယန့်ကိုငွေတွေထပ်ပေးသွားလေသည်။ ပိုင်ယန်၏ဘဏ်အကောင့်ထဲတွင်မူငွေတွေသည်နှစ်လသုံးလအတွင်း မိသားစုတစ်ခု၏တစ်နှစ်စာဝင်ငွေနှင့်ညီမျှလာရသည်။

တချို့သောသူတွေမွေးစားခံချင်ကြတာမဆန်းပါဘူးဟုသူတွေးမိပြီးဝမ်းနည်းစွာပြုံးလိုက်မိသည်။

 သူရှောက်ချန်၏ငွေများကိုမထိပေ။ အခု သူအိမ်ငှားခလည်းပေးစရာမလိုပေ။ အိမ်မှာဟင်းချက်စားဖို့တစ်ခုတော့လိုသည်။ အန်တီဖန်းကရေခဲသေတ္တာထဲမှပုပ်သိုးသွားပြီဖြစ်သောအသီးအနှံများကိုရှင်းထုတ်ကာ လတ်ဆတ်သောအသီးအရွက်များနှင့်ဖြည့်ပေးထားလေ့ရှိသည်။ ငွေသုံးစရာရှိလျှင်တောင်မှသူအရင်ကစုထားဆောင်းထားသောငွေအချို့ကျန်သေးသည်မို့သူသိပ်စိတ်ပူစရာမရှိပေ။

တရုတ်နှစ်ကူးအကြိုနေ့တွင် ပိုင်ယန်သည် ဟင်းခွက်များများပိုချက်လိုက်ပြီးဆေးရုံသို့သယ်သွား၏။

ပိုင်ထောင်းကိုကုပေးနေသည့်ဆရာဝန်က အခုကုသနည်းအသစ်(ခွဲစိတ်ကုသနည်း)ပေါ်နေပြီဖြစ်ကြောင်းအသိပေးလာသည်။ အောင်မြင်ရန်ရာခိုင်နှုန်းသိပ်မမြင့်သော်လည်း ကုသမှုမအောင်မြင်လျှင်ပိုင်ထောင်းပေါ်အကျိုးသက်ရောက်မှုသိပ်မရှိတာကြောင့်လုပ်သင့်သည်ဟုသူကအကြံပေးလာ၏။ ထိုမျှသာမက ပါရဂူကြီးများကလည်း ကူညီကုသပေးဦးမည်။ အောင်မြင်ခဲ့လျှင် ပိုင်ထောင်းနိုးလာနိုင်ချေက၂၀% အထိတက်လာမည်ဖြစ်၏။
ပိုင်ထောင်းကဲ့သို့ကိုမာဝင်နေသောလူနာများသည် ပုံမှန်ဆိုနိုးလာနိုင်ချေအလွန်နည်း၏။

ပိုင်ယန်သည်ထိုသတင်းကြားကြားချင်းအလွန်စိတ်လှုပ်ရှားသွားရသော်လည်း သူချက်ချင်းလက်မခံသေးဘဲ အချိန်ယူစဥ်းစားဦးမည်ဟုပြောလိုက်သည်။ ရှောက်ချန်ပြန်အလာကိုစောင့်ပြီးမှသေချာတိုင်ပင်ဦးမည်လေ။ ပြီးတော့ ခွဲစိတ်ခကလည်းအလွန်စျေးကြီးသည်ဖြစ်ရာ ရှောက်ချန်ကပိုင်ထောင်းကိုထောက်ပံ့ပေးမည်ဟုစာချုပ်လုပ်ထား၍ကုန်ကျစရိတ်အလုံးစုံမှာရှောက်ချန်ပေးရမည်ဖြစ်လေသောကြောင့်ပင်။

Affection[Complete]Where stories live. Discover now