၂၁(U+Z)

11.3K 1.6K 69
                                    

Unicode

ပိုင်ယန်သည် စုန့်ချီ၏လူများရက်အတော်အတန်ကြာအောင်ရှိနေမလားဟုစိတ်ပူမိသော်လည်း တစ်ဖက်ကလူများမှာသူ့နောက်ကိုလိုက်မနေတော့သည့်အတွက်သူစိတ်အေးသွားရပြီးသာမန်နေ့စဥ်ဘဝအတိုင်းပဲပြန်နေလိုက်တော့သည်။

အားလပ်ချိန်များတွင် စာကြည့်တိုက်သွားပြီး စုံထောက်၊ ဖြစ်ရပ်ဆန်းကြယ်ဝတ္ထုများကိုဖတ်သည်။ ပြီးလျှင် ဖတ်လို့ကောင်းသောစာအုပ်များကိုရှောက်ချန်အားညွှန်းသည်။ သို့ပေမယ့် တစ်ဖက်လူမှာသူပြောသမျှစာအုပ်များအားဖတ်ပြီးပြီချည်းသာပင်။

တစ်ခါက သူရှောက်ချန်ကိုအတင့်ရဲပြီးမေးဖူးသည်။

[ခင်ဗျားစာရေးကြည့်ပါလားဟင်။ ကျွန်တော် ခင်ဗျားရဲ့စာဖတ်သူလေးလုပ်ပေးမယ်လေ]

ရှောက်ချန်ကဘာမျှပြန်မဖြေပေ။ ကြည့်ရတာ သူမဟုတ်တွေပြောမိပြန်သည်နှင့်တူပါ၏။

နောက်တစ်ပတ်ပြီးလျှင် ဒီနှစ်ကုန်ပြီဖြစ်သည်။ ပိုင်ယန်လည်း အရင်တစ်ခါဖြေထားသောပုံနှိပ်တိုက်မှ စီနီယာဆီကmessageရသဖြင့် နောက်ဆုံးလူတွေ့စစ်ဆေးသည့်အထိပါသွားကြောင်းသိလိုက်ရသည်။ သွားဖြေရမည့်ရက်က ဒီဇင်ဘာ ၃၁။ သူလည်းရှောက်ချန်ကိုထိုသတင်းကောင်းလေးအားအမြန်ပင်မျှဝေလိုက်သည်။ တစ်ဖက်ကရှားရှားပါးပါးပြန်စာရောက်လာလေသည်။ ပြန်စာမှစာလုံးတစ်လုံးတည်းသာ။

"အင်း''
 
ပိုင်ယန်သည် လူတွေ့စစ်ဆေးသည့်အင်တာဗျူးအတွက် သူစုဆောင်းထားသမျှတော်တော်များများကိုသုံးပြီးယွမ်တစ်ထောင်တန်အနောက်တိုင်းဝတ်စုံလေးအားဝယ်လိုက်လေသည်။ ကံကောင်းထောက်မစွာ အရင်တစ်ခေါက်ကရှောက်ချန်နမ်းထားသောhickeyရာများမှာပျောက်ကွယ်သွားပြီဖြစ်လေသည်။ မဟုတ်လျှင် သူအင်တာဗျူးကို လည်စည်းပုဝါကြီးပတ်သွားရမည်ဖြစ်ပြီး ထူးဆန်းနေလိမ့်မည်။

ထိုနေ့က ကျောင်းသူကျောင်းသားအတော်များများအင်တာဗျူးလာဖြေကြသည်။ ထိုစာအုပ်တိုက်မှာ နာမည်ကြီးစာအုပ်တိုက်ဖြစ်၍ ဘွဲ့ရပြီးလျှင်အလုပ်တန်းဆင်းဖို့အခွင့်အရေးရမည်ဖြစ်သောကြောင့်လည်းပါ၏။ ပိုင်ယန်မှာ စာပေဖက်တွင်အတော်လေးနှံ့စပ်သည်ဟုသူ့ကိုယ်သူယုံကြည်မှုရှိလေသည်။ ထို့ကြောင့် အင်တာဗျူးတွင်မေးသွားသောစာအုပ်တိုက်နှင့်ပတ်သက်သည့်အချက်အလက်များကိုသူအေးအေးဆေးဆေးဖြေသွားနိုင်လေသည်။ အင်တာဗျူးမေးသူလူကြီး၏မျက်နှာထက်ကကျေနပ်မှုအရိပ်အယောင်ကြောင့်သူအတော်လေးပျော်သွားမိ၏။

Affection[Complete]Where stories live. Discover now