၄၇(U+Z)

9.7K 1.2K 26
                                    

Unicode

စာအုပ်လက်မှတ်ထိုးပွဲက နောက်ဆုံးတော့ စက်တင်ဘာလတွင် ကျင်းပဖြစ်သွားသည်။ ပိုင်ယန်က တက္ကသိုလ်တွေပြန်ဖွင့်တော့ စီနီယာတန်းဖြစ်သွားလေသည်။ သူအတန်းများကိုနေ့ခင်းတွင်တက်ရလေသည်။ ရှောက်ချန်ကဒီရက်တွေမှာ ဆူပုတ်ပုတ်လုပ်နေပေမယ့် ပိုင်ယန်ကိုတော့မျက်နှာမပျက်စေပေ။

အတန်းပြီးသွားတော့ သူရှောက်ချန်၏လက်မှတ်ထိုးပွဲကိုမှီအောင်အမြန်ပြေးသွားရလေသည်။ လက်မှတ်ထိုးပွဲက မနက်ဆယ်နာရီတွင်စလေပြီး ရှောက်ချန်၏ဖန်များ၊ စာဖတ်သူများက ဓာတ်ပုံများ၊ ဗီဒီယိုများကို အင်တာနက်ပေါ်တွင် ရိုက်တင်ထားကြလေသည်။ ပိုင်ယန်က တင်ထားသောပုံများကို တိတ်တိတ်လေးကြည့်နေမိသည်။ အားလုံးကကော့မန့်တွင်-

အား.....စာရေးဆရာကအရမ်းချောတာပဲ!!!!!!

ဗီဒီယိုထဲတွင် ရှောက်ချန်က မတ်မတ်ထိုင်နေပြီး စာအုပ်များတွင်လက်မှတ်ထိုင်ထိုးနေလေသည်။ ဒီနေ့ ရှောက်ချန်က ဆေးခြယ်ထားသော အနက်ရောင်တီရှပ်ကို နက်ခ်တိုင်မတပ်ဘဲဝတ်ဆင်ထားလေသည်။ ပထမကြယ်သီးကိုမတပ်ဘဲဟထားလေရာ ရှောက်ချန်ပုံစံက ပျင်းရိပျင်းတွဲနိုင်နေလေသည်။

သူခေါင်းကိုငုံ့ကာ လက်မှတ်ထိုးနေချိန်တွင်လည်း အေးစက်စက်မျက်နှာက အချောမပျက်ပေ။ သူခေါင်းမော့ပြီး စာဖတ်သူတွေကိုနှုတ်ဆက်၍ ခပ်ယောင်ယောင်လေးပြုံးကာကျေးဇူးတင်စကားပြောလေသည်။ ခပ်ရွိုက်ရွိုက်နှင့် အလွန်တရာမှအန္တရာယ်များသောအပြုံးဖြစ်နေလေ၏။

ပိုင်ယန်က ဒီအခြေအနေကို မျှော်လင့်ထားပြီးသားဖြစ်လေသည်။ စာရေးဆရာဆိုသည်မှာ မျက်နှာကိုဗန်းပြစရာမလိုသော်လည်း ရှောက်ချန်၏ပုံပန်းသွင်ပြင်ကတော့ သေလောက်လေသည်။ ရှောက်ချန်လည်းထိုရုပ်ရည်ကြောင့်လည်း ပိုလို့ကျော်ကြားလာနိုင်မည်လားမပြောတတ်ပေ။ ထို့ကြောင့် ပိုင်ယန်က ရှောက်ချန်ကို စာအုပ်လက်မှတ်ရေးထိုးပွဲလုပ်ဖို့သွေးဆောင်လိုက်ခြင်းပင်။

သူ လက်မှတ်ရေးထိုးပွဲကျင်းပနေသော ခန်းမဆီသို့ လျင်လျင်မြန်မြန်ပဲ ရောက်အောင်သွားလိုက်လေသည်။ ရောက်ရောက်ချင်းပဲသူမြင်လိုက်ရသောမြင်ကွင်းကြောင့် အံ့အားသင့်သွားလေသည်။ လက်မှတ်ထိုးပွဲက ပြီးခါနီးပြီဖြစ်သော်လည်း တန်းစီနေသောလူတန်းကြီးက ရှည်နေဆဲပင်။
ပိုင်ယန်က အရှေ့ရောက်ဖို့ကို မနည်းအားထုတ်လိုက်ရလေသည်။ ရှေ့ရောက်ရောက်ချင်း ရှေ့က ဝန်ထမ်းကိုမေးလိုက်လေသည်။
“ဘာတွေဖြစ်နေတာလဲ ဘာလို့ဒီလောက်လူတန်းကြီးရှည်နေရတာလဲ”

Affection[Complete]Where stories live. Discover now