၄၁(U+Z)

11.6K 1.4K 21
                                    

Unicode

ရှောက်ချန်ကသူ့နားမလာဘဲ ဖုန်းပြောဖို့ပြင်နေလေသည်။

"ဟဲလို အဖေ''

"အိုင်း ဘာကိစ္စတုန်း....ငါမင်းအမေနဲ့လမ်းလျှောက်နေတာ''

ရှောက်ချန်ကစပီကာဖွင့်ပြီးပြောနေ၍ ပိုင်ယန်ကကြောင်တောင်တောင်လေးဖြစ်နေ၏။ ဘာလို့ရှောက်ချန်ကသူ့(ပိုင်ယန်)ရှေ့မှာ သူ့(ရှောက်ချန်) အဖေဆီဖုန်းခေါ်ပြတာလဲမသိ?

ရှောက်ချန်ကသူ့ကိုနင့်နင့်နဲနဲကြည့်လာပြီး တစ်ဖက်သူ့အဖေကိုစကားပြောလိုက်၏။
"ကျွန်တော်ဒီအပတ်အိမ်ပြန်လာရင် ကျွန်တော့်လူကိုခေါ်ခဲ့မယ်''

ပိုင်ယန်၏မျက်ဝန်းလေးများဝိုင်းဝိုင်းလည်သွားရ၏။

"ကောင်းပြီလေ ခေါ်လာပြရမယ့်အချိန်ပဲရောက်နေပြီပဲဟာ''
ရှောက်ကော်ခန်းကပျော်ရွှင်စွာပြောလေသည်။

"အင်း အဖေသူ့နာမည်ကိုမှတ်မိရဲ့လား''

"ဒါပေါ့ ငါ့ချွေးမလေးနာမည်ကိုဘယ်လိုလုပ်မေ့ရမှာလဲ။ သူ့နာမည်ကဖြင့်မှတ်ရလွယ်လိုက်တာမှ... ပိုင်ယန်လေ''

"သူကယောကျာ်းလား မိန်းမလား''

"မင်းစိတ်လွတ်သွားပြီလား သားလေး မင်းလူက​ယောကျာ်းလား မိန်းမလားတောင်မသိတော့ဘူးလား''

"ဖြေသာဖြေပါ''

"ယောကျာ်းလေးလေ။ ငါတို့မင်းကိုအကြိမ်ရှစ်ရာမကပြောပြီးပြီ။ ယောကျာ်းလေးဖြစ်လည်းကိစ္စမရှိဘူးလို့။ အခုကကျောက်ခေတ်လည်းမဟုတ်''

"ကောင်းပြီ။ ဒါပဲနော် နောက်မှတွေ့မယ် အဖေ''

"ဟေ့ မင်း....''
ရှောက်ကော်ခန်းပြောမပြီးသေးပေမယ့် သူ့သားအလိမ္မာလေးကဖုန်းကိုချသွားလေပြီ။

ရှောက်ချန်ကကြောင်အနေသောပိုင်ယန်ကိုအေးစက်စွာပြောလိုက်၏။
"မင်းတခြားဘာစိတ်ပူစရာရှိလဲ ပြောလိုက်။ ဒီနေ့ပဲအဲ့ကိစ္စတွေအကုန် ကိုယ်ဖြေရှင်းပေးမယ်''

"ဘယ်လိုလုပ်....''
ဘယ်လိုလုပ်ပြီးရှောက်ချန်ရဲ့အဖေကသူတို့အကြောင်းသိနေတာလဲ။ ပြီးတော့ ဘယ်လိုဖြစ်လို့ လွယ်လွယ်နဲ့သူတို့ဆက်ဆံရေးကိုလက်ခံပေးတာလဲ။ သူစိတ်ထဲရှုပ်ထွေးနေ၏။

Affection[Complete]Where stories live. Discover now