Extra(Unicode)

19K 1.4K 52
                                    

လက်ထပ်ပြီးသုံးနှစ်မြောက်တွင် ပိုင်ယန်သည် စာအုပ်တိုက်တွင် အလုပ်သင်အယ်ဒီတာလေးဘဝမှ လက်ထောက်အယ်ဒီတာအဖြစ်သို့ရာထူးတိုးသွားလေသည်။ သို့သော်လည်း သူ့ခမျာ ပင်ပန်းရှာတုန်းဖြစ်သည်။ အကြောင်းမှာ သူတာဝန်ယူထားရသော စာရေးသူမှာ အလွန်အောင်မြင်နေသောကြောင့်ဖြစ်သည်။



"ဒီနေ့ အပိုင်းအသစ်တင်နိုင်ရဲ့လား"


သူက ကွန်ပျူတာ အနားတွင် ဆောင့်ကြောင့်ထိုင်ချလိုက်၍ ကုလားထိုင်လက်ရန်းပေါ်ခေါင်းလေးတင်လိုက်ရင်း ထိုင်ခုံပေါ်တွင်မျက်လုံးမှေးကာ အနားယူနေသောလူကို မေးလိုက်လေသည်။



"မတင်နိုင်လောက်ဘူး။ မုဒ်ကိုမဝင်ဘူးဖြစ်နေတယ်"



ရှောက်ချန်အသံက အေးစက်စက်ဖြစ်နေပြီး ညှိနှိုင်းလိုဟန်လည်းရှိမနေချေ။



ပိုင်ယန်က စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။


"ဒါပေမယ့် အယ်ဒီတာချူပ်ကပြောထားတယ်။ ခင်ဗျား ဒီနေ့ အပိုင်းသစ်တင်ကိုတင်ပေးရမယ်တဲ့။ မဟုတ်ရင် စာဖတ်သူတွေလျော့သွားလိမ့်မယ်တဲ့"



"မင်းက သူ့လူလား ကိုယ့်လူလား"


ရှောက်ချန်က သူ့မျက်ဝန်းများကို ဖွင့်လိုက်ကာ ပိုင်ယန်က ခံစားချက်မဲ့စွာ ကြည့်လိုက်ရင်း-


"ကိုယ်စာရေးတာ လူဖတ်များအောင် ရေးတာမဟုတ်ဘူး။ ကိုယ့်ကို ထပ်ဖိအားမပေးဖို့ သူ့ကို ပြောလိုက်"



ပြောပြီးတာနဲ့ သူ့ကပေါင်ကိုပုတ်လိုက်ရင်း-


"အပေါ်မှာလာထိုင်၊ ဆောင့်ကြောင့်ကြီးထိုင်မနေနဲ့"



ပိုင်ယန်က နှုတ်ခမ်းလေးကို အသာကိုက်လိုက်ပြီး မကျေမနပ်ဟန်နှင့်-


"ခင်ဗျား အပိုင်းသစ်မတင်ရင် ကျွန်တော်မထဘူးဗျာ"


ရှောက်ချန်ထံတွင် အကျင့်ဆိုးတစ်ခု ရှိသည်။ စာရေးလျှင်နှေးသောအကျင့်၊ ထိုအကျင့်ကို သူဘယ်လိုဖြောင်းဖျရမလဲဟု တွေးနေမိသည်။ မဟုတ်လျှင် သူဒီအပိုင်းသစ်ကို နှစ်ရက် သုံးရက်အတွင်း လက်စသတ်နိုင်လိမ့်မည် မဟုတ်ပေ။ ထိုအတိုင်းသာ ဖြစ်နေလျှင် သူလည်း အထက်က အကြီးတွေကို ရှင်းပြရတာ အရမ်းခက်သွားလိမ့်မည်။

Affection[Complete]Where stories live. Discover now