၁၄(U+Z)

10.1K 1.5K 23
                                    

Unicode

ခဏတာတော့ စိတ်ကလန်းဆန်းသွားသော်ငြားစုန့်ချီကသူ့ကိုအလွတ်ပေးမည်မဟုတ်မှန်းပိုင်ယန်ကသိနေလေသည်။ ထို့ကြောင့် သူလတ်တလောတွင် အတတ်နိုင်ဆုံးလူပြတ်သည့်နေရာများကိုရှောင်၍နေလိုက်သည်။ ကျီရှောက်ယွင်မှာ ကိစ္စများအားလုံးကိုသိပြီးသွားသည့်နောက်ပိုင်းတွင်သူ့အားအလွန်တရာချီးကျူးပြောဆိုလာပြီး စုန့်ချီကချောင်းရိုက်မည်စိုးသဖြင့်နေရာတိုင်းပိုင်ယန်ကိုအဖော်လိုက်ပေးလေသည်။ သို့ပေမယ့် ကျီရှောက်ယွင်လိုမိန်းကလေးကို ဒီပြဿနာကြီးထဲသူဆွဲမထည့်လိုသောကြောင့်သွားဖို့အဖော်ရှိသည်ဟုသူလိမ်လိုက်ရလေသည်။

တကယ်တော့ သူ့ထံတွင်ဒါမျိုးကိုယ်ခံပညာတော်သည့်သူငယ်ချင်းဟူ၍မရှိပေ။ ထိုအကြောင်းစဥ်းစားပြီးနောက် သူရှောက်ချန်ကိုဖုန်းခေါ်လိုက်သည်။

ဖုန်းကအတော်လေးကြာအောင်မြည်နေပြီးကိုင်မည့်သူမရှိသောကြောင့် ပိုင်ယန်ကဖုန်းချလိုက်တော့မည်အပြု-

"ဘာကိစ္စလဲ''

သေချာပေါက် ထိုစကားတွင်ကြိုဆိုလက်ခံလိုစိတ်အလျဥ်းမရှိသည်မှာသိသာနေသည်လေ။ ထို့အပြင် ရှောက်ချန်၏အသံမှာအေးစက်စက်နိုင်လွန်းလှသည်။

သို့ပေမယ့် ပိုင်ယန်အတွက်တော့ ထိုအေးစက်စက်အသံလေးကပင်နွေးထွေးမှုအလုံးစုံပေးနိုင်စွမ်းလေသည်။ ပိုင်ယန်၏နှုတ်ခမ်းထောင့်စွန်းလေးတို့မှာ တွန့်ကွေးသွားလေသည်။ ထိုအခြင်းအရာကိုရှောက်ချန်ကမမြင်လိုက်ပေ။ ပိုင်ယန်ကနူးညံ့သောအသံလေးနှင့်ပြောလိုက်သည်

"ရှောက်ချန် ကျွန်တော်တစ်ခုတောင်းဆိုလို့ရမလားဟင်''

သူပြောရမည်ကိုအနည်းငယ်ရှက်နေမိသော်လည်း မတတ်နိုင်ပေ။ ရှောက်ချန်ကိုပင်အကူအညီတောင်းမှအဆင်ပြေမည်လေ။ အကယ်၍ သူသာစုန့်ချီလက်ထဲရောက်သွားလျှင် ဆေးရုံရောက်သည်အထိအရိုက်ခံရလျှင်ခံရ မဟုတ်လျှင် အရှက်မဲ့သည်အထိအစော်ကားခံရနိုင်လေသည်။ ထိုအခါမှ ညီမလေးကိုဘယ်သူမှဂရုစိုက်မည့်သူမရှိဘဲနေလိမ့်မည်။ ကြံရာမရလွန်းလို့သာ သူရှောက်ချန်ကိုအကူအညီတောင်းမိခြင်းဖြစ်၏။

Affection[Complete]Where stories live. Discover now