၄၈(U+Z)

11.3K 1.2K 30
                                    

Unicode

ရှောက်ချန်က ရေချိုးခန်းတံခါးကို ပိတ်လိုက်ပြီးထွက်သွားလေသည်။ ပိုင်ယန်ကလည်း ရေချိုးပြီးသွားတော့ ရှောက်ချန်ကသူ့အင်္ကျီတွေအကုန်လုံးကို ယူသွားလေသည်။ သို့နှင့် သူလည်း မတတ်နိုင်တော့ဘဲ ရေချိုးသဘက်အကြီးကြီးတစ်ထည်ကိုပတ်ပြီးထွက်လာလိုက်ရလေသည်။

သူအခန်းထဲ ဝင်သွားတော့ ရှောက်ချန်က ကုတင်အစွန်းနားတွင် လျော့တိလျော့ရဲထိုင်နေလေသည်။

ဒီလိုအခြေအနေမျိုးက သူတို့ပထမဆုံးအကြိမ်တုန်းကနှင့်ဆင်တူနေလေသည်။ ပိုင်ယန်က အရိပ်အကဲခတ်ညံ့နေသော်လည်း ဒီညအဖြစ်အပျက်အကုန်လုံးက ကြိုတင်စီစဉ်ထားပုံပေါ်မှန်းရိပ်မိသွားလေ၏။

သို့သော်လည်း သူတစ်ဖက်လူ၏ ဆန္ဒကိုခပ်ရိုးရိုးပဲလက်ခံပေးလိုက်လေသည်။ သူစကားတစ်ခွန်းမှမပြောဘဲ ကော်ဇောပေါ်ဒူးလေးထောက်လိုက်၍ ရှောက်ချန်၏ခြေတံများကြားထဲတွင် ရှက်ရွံ့စွာထိုင်ချလိုက်ကာ ရှောက်ချန်၏ဘောင်းဘီများကိုဆွဲချပေးဖို့လက်လှမ်းလိုက်လေသည်။

သို့သော်ငြား ရှောက်ချန်က သူ့ကိုတားလိုက်၍ -
“ကိုယ်ပြောနေတယ် ထ”

ပိုင်ယန်ကကြောင်အသွားရပြီး ရှောက်ချန်စကားကိုနားမလည်ကာ ပြန်မေးလိုက်လေသည်။
“ခင်ဗျားမလိုချင်ဘူးလား”

“အဲ့ဒါကိုယ်မင်းကိုမေးရမှာ... မင်းလုပ်ချင်ရဲ့လား”

ပိုင်ယန်က စိတ်ရှုပ်ထွေးသွားရကာ-
“ခင်ဗျားပဲကျွန်တော်ကို အဲ့ဒါလုပ်ခိုင်းတာမဟုတ်ဘူးလား”
“မင်းမလုပ်ချင်ရင် ရတယ်”
ရှောက်ချန်က ပိုင်ယန်၏နှုတ်ခမ်းသားလေးများကို လက်ချောင်းနှင့် ပွတ်သပ်လိုက်၍ မျက်ဝန်းထဲကစိုးရိမ်ရိပ်များဖြစ်ထွန်းလာပြီး
“ကိုယ်မင်းကို အရင်ကအတင်းလုပ်ခိုင်းခဲ့ဖူးတယ်။ အဲ့တာ....မင်းရွံ့နေမှာကြောက်နေတာ”

ပိုင်ယန်က တစ်ခဏမျှကြောင်အသွားရလေတော့သည်။

အဲ့ဒါကြောင့်ကိုး....သူတို့ လုပ်ဖြစ်ကြတဲ့အခါတိုင်း ရှောက်ချန်က အိပ်ရာပေါ်တွင် ဦးဆောင်သူဖြစ်သော်ငြား ပိုင်ယန်ကို ဘယ်တုန်းကမှ ပါးစပ်နှင့်ပြုစုပေးဖို့မတောင်းဆိုခဲ့ဖူးပေ။ ထိုအစား သူသာပိုင်ယန်ကို ပါးစပ်နှင့်ပြုစုပေးလေ့ရှိသည်။ အကြောင်းရင်းက အခုကပေါ်သည်။ ပိုင်ယန်၏အတိတ်ကြောင့်ဖြစ်လိမ့်မည်။

Affection[Complete]Where stories live. Discover now