၃၇(U+Z)

11.5K 1.4K 7
                                    

Unicode

ရုတ်တရက်ဆိုသလို လူတစ်ယောက်ကငယ်သံပါအောင်အော်ဟစ်လာ၏။ တစ်ယောက်ယောက်ကစုန့်ချီလူတွေကိုဆွဲထုတ်သွားသည်ထင်ပါရဲ့။ ထိုလူမြေပေါ်သို့ဗိုင်းခနဲပစ်ကျသွားသံတောင်သူကြားမိသလိုလိုရှိ၏။ သူမော့ကြည့်ချင်ပေမယ့်နေရောင်ကစူးလှ၍သူဘာမှမမြင်ရပေ။

ဘေးနားတစ်ဝိုက်လုံးတိတ်ဆိတ်သွားသည်။

စုန့်ချီကအရင်ဆုံးအသံပြုလိုက်ကာ
"ချန်ကော''

ရှောက်ချန်၏မျက်နှာမှာအလွန်တည်ငြိမ်နေပေမယ့် ကြည့်မိတဲ့လူတိုင်းကိုအကြောက်တရားတို့ကိန်းအောင်းနေစေ၏။ တချို့လူများမှာရှောက်ချန်ကိုမြင်၍ရှေ့ပင်မတိုးရဲတော့ပေ။

ပိုင်ယန်မှာနေအလင်းရောင်ကိုကျင့်သားရသွားကာမြင်ကွင်းကကြည်လင်ပြတ်သားလာသည်။ သူခေါင်းကိုကိုင်ထားပြီးနေရောင်ကိုသိုင်းခြုံထားသောအနှီပုံရိပ်ကိုအားယူပြီးကြည့်လိုက်မိလေသည်။

ရှောက်ချန်ကသူ့ရဲ့ကယ်တင်ရှင်များလား။ မဟုတ်ရင်ဘာကြောင့်သူ့ဘဝရဲ့အဆိုးရွားဆုံးအခြေအနေမှာမှပေါ်လာပြီးကယ်ကယ်ပေးနေရတာလဲလေ။

ရှောက်ချန်ကမျက်ဝန်းနက်နက်များနှင့် ပိုင်ယန်ကိုငုံ့မိုးကြည့်လိုက်ပြီးထိုင်ချလိုက်ကာ မင်းသမီးပွေ့နည်းနှင့်ပိုင်ယန်ကိုပွေ့ချီလိုက်တော့၏။

ရှောက်ချန်ကစိတ်ဆိုးနေပုံမပေါ်ပေ။ ဘေးနားကရပ်ကြည့်နေသောစုန့်ချီကရှောက်ချန်ဘာမှမပြော၍ရောင့်တက်လာကာ
"ချန်ကော မင်းငါ့ကိုအပြစ်တင်လို့မရဘူးနော်။ မင်းလည်းမနေ့ညကတွေ့တာပဲမဟုတ်လား။ အဲ့ကောင်လေးကငါ့ကိုအရင်လာထိုးတာ။ ငါကသူ့ကိုလက်စားချေရုံပဲ။ သူအများကြီးထိခိုက်မိသွားမယ်ဆိုတာငါသိပါတယ်။ ဒါပေမယ့် ငါတို့ကညီအစ်ကိုအဖြစ်ရင်းနှီးလာတာဘယ်နှနှစ်တောင်ရှိနေပြီလဲ။ အဲ့လိုအပျော်ချစ်သူတစ်ယောက်အတွက်နဲ့ငါ့ကိုရက်စက်မှာတော့မဟုတ်ဘူးမလား''

စုန့်ချီပြောစကားတို့ကိုရှောက်ချန်ကအရေးပင်မစိုက်ဘဲလက်လေးမြှောက်လိုက်ကာပိုင်ယန်ကိုယ်ပေါ်ကဖုန်များကိုသပ်ချပေးလိုက်၏။
ပြီးတာနဲ့အသံတိုးတိုးနှင့်မေးလိုက်သည်။
"ကိုယ့်ဘာသာမတ်တပ်ရပ်နိုင်ပါ့မလား''

Affection[Complete]Where stories live. Discover now