Unicode
အဆုံးသတ်တွင်မူ ပိုင်ယန်သည် ကုန်တိုက်ရှိ စျေးကြီးသော၊စျေးချိုသောမည်သည့်ပစ္စည်းမျှဝယ်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် အွန်လိုင်းကရောင်းသောဂျာကင်စျေးပေါပေါကိုသာယွမ်အနည်းငယ်နှင့်ဝယ်လိုက်သည်။ အနွေးထည်များ၏အရည်အသွေးမှာမထင်ထားစွာကောင်းနေလေရာ၊ ထိုဆိုင်မှ ဆွယ်တာတစ်ထည်၊ရှပ်အင်္ကျီတစ်ထည်နှင့် ဘောင်းဘီတစ်ထည်ပါထပ်ဝယ်လိုက်ရာစုစုပေါင်းယွမ်နှစ်ရာမျှကုန်ကျသွားသည်။ အင်္ကျီအသစ်များလဲဝတ်ပြီးနောက် အတော်လေးလန်းဆန်းသွားသည်ဟုခံစားလာရသည်။
သူအင်္ကျီအသစ်များနှင့်ပင် အချိန်ပိုင်းလုပ်ရသောစားသောက်ဆိုင်သို့အလုပ်သွားဆင်းလိုက်၏။ ညပိုင်းအလုပ်ဆင်းပြီးချိန်တွင် သူသီချင်းလေးတညည်းညည်းနှင့် စက်ဘီးလေးစီးပြီးအိမ်ပြန်လာလေသည်။ သူလည်းလမ်းထောင့်သို့ရောက်သောအခါ သတိမမူမိ၍ လမ်းထဲကထွက်လာသောကားတစ်စီးနှင့်ဝင်တိုက်မိလေ၏။ ကံကောင်းသွားသည်မှာ သူအချိန်မှီရှောင်လိုက်နိုင်၍ ကားနှင့်မတိုက်မိဘဲဟန်ချက်ပျက်ပြီးစက်ဘီးလဲသွားလေသည်။သူ့လက်ဖဝါးမှာမြေပေါ်ထောက်မိ၍သွေးစို့လာပြီး အင်္ကျီများမှာတော့ဖုန်တွေသဲတွေနှင့်ပေတူးသွားပြီဖြစ်၏။
"တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်''
ကားပိုင်ရှင်ကအလျင်အမြန်ဆင်းလာပြီးတောင်းပန်နေ၏။ သို့ပေမယ့် ထိုလူမှာသူ့အနီးရောက်သည်နှင့်အံ့သြသွားဟန်ရှိလေသည်။
"ပိုင်ယန်?''ပိုင်ယန်လည်းမော့ကြည့်လိုက်ကာမှ ရှောက်ချန်၏သူငယ်ချင်းကုဝေဟောက်ဖြစ်နေမှန်းသိတော့၏။
"မင်းအဆင်ပြေရဲ့လား''
ကုဝေဟောက်ကသူ့ကိုတွဲထူပေးရန်ပြင်လိုက်ပေမယ့် ပိုင်ယန်ကလက်ခါပြလိုက်ပြီးအဆင်ပြေကြောင်းပြလိုက်လေသည်။"ဟေ့ ဒီမှာခြစ်မိသွားတာပဲ''
ကုဝေဟောက်ကအမြင်အာရုံစူးရှစွာပိုင်ယန်၏လက်ကဒဏ်ရာကိုတွေ့လိုက်သည်။
"မင်းကိုဆေးထည့်ပေးဖို့ခေါ်သွားပေးမယ်''"ရပါတယ် ဒါသာမန်ဒဏ်ရာလေးပါ အိမ်ပြန်ရောက်မှဆေးထည့်လိုက်မယ်''
သူကသူများကိုလည်းအနှောင့်အယှက်မပေးချင်ပေ။
YOU ARE READING
Affection[Complete]
RomansI do not own this work. All crd to original author. This is mm translation of 承情 Author - Little icecube(冰块儿) Chapters - 49chapters + extra 1 Shao Cheng×Bai Yang Sweetပါတယ်တဲ့ မူရင်းအော်သာကပြောထားပါတယ်။Hee'' I retranslate it from google translation...