Unicode
ကုဝေဟောက်နှင့်ကျန့်ဟုန်ရိတို့သည်လည်း ယခုတလော ရှောက်ချန်၏စိတ်အခြေအနေမကောင်းသည်ကိုသတိပြုမိကြလေသည်။ နဂိုကတည်းကအေးစက်ပြီးဒေါသထွက်လွယ်ပေမယ့် အခုလက်ရှိအနေအထားမှာ မီတာတစ်ရာအတွင်းမည်သူမှမကပ်ရဲလောက်အောင်ဖြစ်နေလေသည်။
ကုဝေဟောက်ကရှောက်ချန်၏ခုံနားတိုးလာပြီး ကြောက်ကြောက်လန့်လန့်နှင့်ပြောသည်။
"ချန်ကော အရင်ညကဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးစိတ်ဆိုးနေတုန်းလား။ ငါမှားသွားတာပါ...''ရှောက်ချန်၏မျက်နှာမှာပြေလျော့သွားပြီး
"ငါမင်းကိုစိတ်ဆိုးတာမဟုတ်ဘူး။ မင်းကိုသူအသုံးချသွားမှာကိုပဲကြောက်တာ''"တကယ်တော့ ငါသူနဲ့အဲ့နေ့ကစကားပြောကြည့်သေးတယ်။ သူကချန်ကောကိုတကယ်ကြိုက်တာလို့ထင်တာပဲ''
ရှောက်ချန်စိတ်မဆိုးတော့တာတွေ့တော့ သူဆက်ပြောလိုက်မိသည်။ကျန့်ဟုန်ရိက နားထောင်ပြီးပြောသည်
"မင်းအရှေ့မှာလည်းသူကဟန်ဆောင်နေလို့နေမှာပေါ့။ စုန့်ချီနဲ့ရင်းနှီးတဲ့လူတိုင်းကဘယ်တုန်းကမှကောင်းတဲ့ကောင်တွေမဟုတ်ဘူးလေ''ကုဝေဟောက်ကပြန်ပြောသည်
"ဖြစ်နိုင်တယ်။ ဒါပေမယ့် ဟန်ဆောင်နေတယ်ဆိုလည်း သူကအရမ်းတူလွန်းတယ်။ အော်စကာတောင်ရနိုင်တယ်''ကျန့်ဟုန်ရိကပိုင်ယန်နှင့်တစ်ခါမျှမတွေ့ဖူးလေရာ သူလည်းထပ်မပြောနိုင်တော့ပေ။ သို့နှင့် ရှောက်ချန်နားလှည့်ပြီးပြော၏။
"ချန်ကော သူဟန်ဆောင်ဆောင် မဆောင်ဆောင်အရေးမကြီးဘူး။ သူ့ကိုလျစ်လျူရှုထားလိုက်။ သူတကယ်မင်းကိုကြိုက်တယ်ဆိုရင်တောင် မင်းသူ့ကိုပြန်ကြိုက်လို့မရဘူးလေ''ရှောက်ချန်ကမျက်မှောင်ကျုံ့မိလိုက်သည်။ ပိုင်ယန်လည်း အဲ့နေ့ကယခုလိုစကားမျိုးကိုသူ့အားပြောခဲ့သည်လေ။
"ခင်ဗျားမှကျွန်တော့်ကိုပြန်မကြိုက်နိုင်တာ။ ဘာကြောင့် ကျွန်တော်လှည့်စားမှာကိုစိတ်ပူနေရတာလဲ''
ဘာဂရုစိုက်နေလဲ။
ယုံမှမယုံတာ။
အရင်ကတစ်ခါမှမတွေ့ဖူးသည့်သူကသူ့ကိုကြိုက်လှပါချည်ရဲ့ဟုပြောသည်ကိုသူလုံးဝမယုံနိုင်ပေ။ ပြီးတော့ ပိုင်ယန်အကြောင်းလည်းသူဘာမျှသိသည်မဟုတ်။ ဤသည်ကို သူ့ကိုသဘောကျပါသည်ဟုအခိုင်အမာပြောနေပြန်သည်လေ။ သူ(ပိုင်ယန်)က သူ့(ရှောက်ချန်) ရုပ်ရည်နဲ့ ချမ်းသာမှုကြောင့်သဘောကျတာဖြစ်နိုင်မည်။
YOU ARE READING
Affection[Complete]
RomanceI do not own this work. All crd to original author. This is mm translation of 承情 Author - Little icecube(冰块儿) Chapters - 49chapters + extra 1 Shao Cheng×Bai Yang Sweetပါတယ်တဲ့ မူရင်းအော်သာကပြောထားပါတယ်။Hee'' I retranslate it from google translation...