final part(U+Z)

15.9K 1.4K 78
                                    

Unicode

ပိုင်ယန်နှင့် စာအုပ်တိုက်ရှိ ဝန်ထမ်းများ၏အားကောင်းလှသောဆွဲဆောင်မှုကြောင့် ရှောက်ချန်သည် သူ၏စာရေးဆရာပုံရိပ်ကို ပိုလို့ လူသိများလာအောင် လုပ်ဖို့သဘောတူလိုက်လေသည်။ နည်းလမ်းမှာ weibo ကိုသုံးလိုက်ခြင်းပင်။ အရင်တစ်ခေါက်လက်မှတ်ထိုးပွဲပြီးကတည်းက သူ၏ပရိသတ်မှာ နှစ်ဆမက ထောင်တက်နေပြီးဖြစ်လေသည်။ အင်တာနက်ပေါ်တွင် ပထမဆုံးအကြိမ် ပို့စ်လည်းတင်လိုက်ရော ကောမန့်များကနာရီဝက်အတွင်း သောင်းချီတက်လာလေသည်။ ရှောက်ချန်၏ကျော်ကြားမှုပုံစံမှာ အိုင်ဒေါလ်များကျော်ကြားသလို တဟုန်ထိုးတက်လာလေသည်။

ပိုင်ယန်လည်း Weibo အကောင့်ဖွင့်ထားသော်လည်း သူ့အကောင့်မှာ အယ်ဒီတာအနေနှင့် ဖြစ်လေပြီး တင်လေ့ရှိသော ပို့စ်များမှာလည်း တိုတိုလေးတွေဖြစ်လေရာ သူ့ကိုရှောက်ချန်လောက် လူသိပ်မသိကြပေ။ သူ့တွင် ထောင်ဂဏန်းမျှသောဖော်လိုဝါများသာရှိပြီး သူ့ကိုဖော်လိုလုပ်ထားခြင်းမှာလည်း ရှောက်ချန်ကြောင့်သာဖြစ်လေသည်။

ရှောက်ချန်၏ following listတွင်တော့ ပိုင်ယန်တစ်ယောက်သာရှိလေသည်။

ပိုင်ယန်က ရှောက်ချန်ထက်ပို၍ ပို့စ်တင်လေ့ရှိသည်။ သူတွေ့ခဲ့သော စိတ်ဝင်စားစရာ ကောင်းတာလေးတွေဆို တင်လိုက်လေ့ရှိ၏။ ရှောက်ချန်ကလည်း ပိုင်ယန်တင်သော ပို့စ်ကို ကော့မန့် ဒါမှမဟုတ် share တာမျိုးမလုပ်သော်လည်း ရှောက်ချန် အမြဲသူ့ပို့စ်တွေကိုကြည့်မှန်း ပိုင်ယန်က သိလေသည်။ တစ်ခါက သူ SLR ကင်မရာမဲဖောက်ပေးသည့်ပို့စ်ကို Weibo တွင် retweet လုပ်လိုက်လေသည်။ သို့နှင့် နောက်တစ်ရက်တွင် မဲဖောက်ပေးသော ဘလော့ဂါလေးက သူ့ဆီဆက်သွယ်လာပြီး သူကင်မရာမဲပေါက်ကြောင်း အကြောင်းကြားလာလေသည်။

ပိုင်ယန်က ကြောင်တက်တက်လေးနှင့်မေးလိုက်၏။
"မဲက နောက်ဆယ်ရက်နေမှဖောက်မှာမဟုတ်ဘူးလား"

ဘလော့ဂါကပြန်ပြောလေသည်။
"ကျွန်တော် ဒဲ့ပဲပြောပြလိုက်တော့မယ်။ တစ်ယောက်ယောက်က ခင်ဗျားအတွက်ဆိုပြီး ပေးခိုင်းလိုက်တာ။ သူပဲငွေရှင်းပြီး ပေးတာလေ"

Affection[Complete]Where stories live. Discover now