Unicode
ဆောင်းရာသီကူးပြောင်းနေပြီဖြစ်၍ အပူချိန်မှာလျင်မြန်စွာကျဆင်းလာပြီဖြစ်ရာ လမ်းမထက်က လေပြေများမှာလည်းအေးစက်သည့်လေထုအဖြစ်ပြောင်းနေပြီဖြစ်၏။
သူ၏ညီမလေးအတွက်ဆေးစရိတ်စကမှာမကုန်ကျတော့သည့်အတွက် ပိုင်ယန်တွင်ငွေစလေးများစုမိဆောင်းမိလာပြီဖြစ်၏။ အတော်အတန်စုမိသည်မဟုတ်သေးသော်လည်း သူ့အတွက်လိုအပ်သည့်အဝတ်အထည်များဝယ်ဖို့ရန်တော့လောက်ငပါလေသည်။
လမ်းဘေးတွင်ရောင်းလေ့ရှိသည့်အနွေးထည်များမှာသိပ်ပြီးလေမကာပေ။ ထို့အတွက်ကြောင့် ပိုင်ယန်သည် ကုန်တိုက်ကြီးသို့သွားပြီး လျော့စျေးရှိမရှိသွားကြည့်မည်။ မရှိလျှင် အွန်လိုင်းကပဲဝယ်လိုက်တော့မည်။
ကျီရှောက်ယွင်လည်းထိုအကြောင်းကြားသဖြင့် သူမလည်းအတူလိုက်ချင်သည်ဟုတောင်းဆိုလာလေသည်။ ပိုင်ယန်လည်းမတတ်နိုင်တော့စွာသူနဲ့အတူထိုကောင်မလေးကိုပါခေါ်လာလိုက်ရလေတော့သည်။ ကြည့်ရသည်မှာ သူမအတွက်အမြဲအိတ်သယ်ပေးရသည့်ကံကြမ္မာကိုသူ မလွတ်နိုင်တော့ဘူးထင်ပါ၏။
နှစ်ဦးသား နေ့လည်တွင်အတန်းများမရှိသဖြင့် ကုန်တိုက်လာလိုက်လေသည်။ ကျီရှောက်ယွင်မှာ နေ့တိုင်းစက်ဘီးစီးလာရသော်လည်း သူမ၏မိသားစုမှာအဆင်ပြေသည့်အထဲပါလေသည်။ ပထမထပ်သို့တက်လာပြီးသည့်အချိန်တွင် ပိုင်ယန်၏လက်ထဲတွင် ကျီရှောက်ယွင်ဝယ်ထားသောအိတ်များငါးအိတ်လောက်ရှိနေပြီဖြစ်သည်။ သူလည်းခါးသက်စွာပြုံးပြီး
"ဘယ်သူဝယ်ဖို့ဘယ်သူကလိုက်ခဲ့ပေးရတာတုန်း''ကျီရှောက်ယွင်ကလျှာလေးထုတ်လိုက်ပြီး
"နင့်ကိုအနွေးထည်ဝယ်ပေးမယ်လေ။ အရင်တစ်ခါကူညီတာရော၊ အခုတစ်ခါအတွက်ရော ကျေးဇူးတင်တဲ့အနေနဲ့ပေါ့ဟယ်''ပိုင်ယန်ကခေါင်းယမ်းပြီး ငြင်းလိုက်ပေမယ့် ကျီရှောက်ယွင်ကအတင်းဆွဲလာပြီး နာမည်ကြီးအမျိုးသားဝတ်အင်္ကျီဆိုင်သို့ခေါ်လာလေသည်။ အင်္ကျီများရွေးပေးပြီး စမ်းဝတ်ကြည့်ရန်ကိုလည်းအဝတ်လဲခန်းထဲအတင်းထိုးထည့်သွားသေးသည်။ သူ့မှာ ကျီရှောက်ယွင်ကိုဤအင်္ကျီများလုံးဝမဝယ်ပါဟုအတန်တန်မှာရလေသည်။
YOU ARE READING
Affection[Complete]
RomanceI do not own this work. All crd to original author. This is mm translation of 承情 Author - Little icecube(冰块儿) Chapters - 49chapters + extra 1 Shao Cheng×Bai Yang Sweetပါတယ်တဲ့ မူရင်းအော်သာကပြောထားပါတယ်။Hee'' I retranslate it from google translation...