၁၇(U+Z)

11.8K 1.5K 42
                                    

Unicode

"ဟုတ် ဟုတ်ကဲ့....''

ပိုင်ယန်ကအမြန်ပြန်ဖြေပြီးရေချိုးခန်းထဲသို့ သုတ်သီးသုတ်ပျာနှင့်ဝင်သွားလေသည်။ သူအလျင်အမြန်ပဲ အဝတ်အစားများချွတ်ချလိုက်သော်လည်း လက်အစုံတို့ကလည်းတုန်ရင်လို့နေလေသောကြောင့် အဝတ်အစားတို့မှာခက်ခက်ခဲခဲချွတ်မှကျွတ်သွားလေသည်။

မှန်ထဲမှလူသည် သန်မာပြီးတောင့်တောင့်တင်းတင်းနှင့် ရှည်သွယ်သောခန္ဓာကိုယ်ထက်တွင်ကြွက်သားများတို့သည်ချောမွေ့စွာဖြစ်တည်နေကြသည်။ အသားအရောင်မှာလည်း ဖြူသည်ဟုဆိုမရ ညိုသည်လည်းမမည်သောအရောင်ပင်။

လုံးဝသာမန်ယောကျာ်းတစ်ယောက်၏ခန္ဓာကိုယ်ပင်။

အတွေ့အကြုံမရှိတဲ့ခန္ဓာကိုယ်ဖြစ်ရုံတင်မကဘဲ ဆွဲဆောင်မှုမရှိသောခန္ဓာကိုယ်လည်းဖြစ်နေလေသည်။

ပိုင်ယန်လည်းသူ့ကိုယ်သူရယ်လိုက်မိပြီး တုန်ရင်နေသောရင်ခုန်သံများကိုထိန်းညှိလိုက်လေသည်။ 'ရှောက်ချန်ကဖြင့်စိတ်ဝင်စားလား မဝင်စားလားတောင်မသိသေးတာ မင်းကဘာတွေဒီလောက်စိတ်လှုပ်ရှားနေတာတုန်း'

ကံကောင်းသည်မှာ သူအရင်ကအင်တာနက်ပေါ်ကနေရှာဖွေလေ့လာထားသောအချက်အလက်များကိုထောက်ရှုပြီး သူရေချိုးခန်းထဲတွင်သူ့ကိုယ်သူချဲ့ထွင်ကာအဆင်ပြေအောင်ပြင်ဆင်ထားလိုက်မိသည်။ ပထမဆုံးဖြစ်၍နာကျင်ကာသက်သာမှုလည်းရှိမနေချေ။

ရေချိုးပြီးမှ သူအဝတ်လဲဖို့အဝတ်အစားမယူလာခဲ့သည်ကိုသတိရမိသွားသည်။ ရှောက်ချန်အိပ်ရာပေါ်သွားရမည်ဖြစ်၍ အရင်အဝတ်အစားများပြန်ဝတ်ရန်မှာလည်းမဖြစ်နိုင်ပေ။ ထို့ကြောင့် ရေချိုးခန်းထဲမှာတဘက်တစ်ထည်ကိုခါးအောက်ပိုင်းတွင်ပတ်လိုက်ရလေသည်။ မသိလျှင် သူ့ပုံစံကဇာတ်ကားတွေထဲကဇာတ်လိုက်နှင့်ပင်တူနေလေသည်။

နာရီဝက်လောက်ရေချိုးခန်းထဲလှည့်ပတ်လျှောက်နေမိပြီးမှ ပိုင်ယန်သည်ရှက်ရွံ့စွာထွက်လာလိုက်လေသည်။ ခေါင်းလေးငုံ့ပြီးကုတင်ဆီသို့လျှောက်လာလေသည်။ ရှောက်ချန်၏မျက်နှာအမူအရာကိုပင်မကြည့်ရဲပေ။ သူရေချိုးတဘက်ကြီးကိုကိုင်ထားပြီးရှက်ရွံ့စွာပြောလေသည်။

Affection[Complete]Where stories live. Discover now