၂၃(U+Z)

11.5K 1.5K 59
                                    

Unicode

ဒီည ပိုင်ယန်သည် ရှုပ်ထွေးလှသောအိမ်မက်အများကြီးမက်နေခဲ့သည်။ သူရှောက်ချန်ကိုလည်းအိမ်မက်မက်ခဲ့ပြီး ဆေးရုံရောက်နေပြန်သည်ဟုလည်းမက်နေ၏။ သို့ပေမယ့် ဆေးရုံသွားခြင်းမှာသူ့ညီမလေးကိုသွားကြည့်ခြင်းမဟုတ်ဘဲ ကုတင်ပေါ်လှဲနေသည့်သူမှာသူကိုယ်တိုင်ဖြစ်နေသည်။ ပြီးသည်နှင့် သူအမှောင်ထုထဲနစ်မြောသွားပြီး ဘာမှမမှတ်မိတော့ချေ။

သူနောက်တစ်ရက်မျက်လုံးများပြန်ပွင့်လာတော့ မြင်လိုက်ရသည့်မျက်နှာကြက်ဖြူဖြူကရင်းနှီးနေပေမယ့် သူ့အိမ်ခန်းလေးတော့မဟုတ်နေပေ။ သို့နှင့် သူထထိုင်လိုက်ပြီးဘေးဘီကြည့်မိတော့ ရှောက်ချန်၏အိပ်ခန်းထဲဖြစ်နေသည်ကိုသူသတိပြုမိလေ၏။ ဘေးကြည့်မိတော့ ပိုလို့ပင်အံ့သြသွားရသည်။ အကြောင်းမှာ သူ့ဘေးတွင်အိပ်နေသူမှာရှောက်ချန်ဖြစ်ပြီး ထိုမျှသာမက ရှောက်ချန်၏လက်တစ်ဖက်မှာသူ့ခါးလေးပေါ်တွင်တင်ထားခြင်းပင်။

သူလှုပ်လှုပ်ရှားရှားလုပ်လိုက်သဖြင့် ရှောက်ချန်မှာမျက်မှောင်ကျုတ်ရင်း မျက်လုံးမပွင့်တပွင့်အနေအထားနှင့် ပိုင်ယန်ခါးပေါ်ရှိ သူ့လက်ကိုဖိချလိုက်ကာ ပိုင်ယန်ကိုအိပ်ရာထဲပြန်အိပ်စေလိုက်၏။

"အစောကြီးရှိသေးတယ်။ နည်းနည်းလောက်ထပ်အိပ်လိုက်ဦး''

ရှောက်ချန်က ပိုင်ယန်ခါးပေါ်ကသူ့လက်များကိုအားထည့်လိုက်ပြီး သူ့ကိုယ်နှင့်နီးကပ်အောင်ပွေ့ယူလိုက်၏။

ပိုင်ယန်မှာယခုထက်တိုင်မျက်နှာကြက်လေးကိုသာကြောင်အစွာငေးကြည့်နေရင်း အိမ်မက်မက်နေဆဲဟုထင်နေသည်။

နှစ်ဦးစလုံးကလည်းအိပ်ရာထဲတွင်အတွင်းခံလေးတွေမှတစ်ပါးဘာမျှမဝတ်ထားကြပေ။ အနှီလူနှစ်ဦး၏နွေးထွေးခြောက်သွေ့သောအရေပြားလေးမှာတစ်ဦးနှင့်တစ်ဦးထိကပ်နေကာ ရှောက်ချန်၏ကိုယ်မှအပူငွေ့များကလည်းသူ့အနားတွင်ရစ်သိုင်းလာပြီးတဖြည်းဖြည်းပူလောင်လာရ၍ ပိုင်ယန်ခမျာလှုပ်ပင်မလှုပ်ရဲချေ။

".....ဘာလို့ပူခြစ်နေသေးတာလဲ။ ဖျားနေတုန်းလား''

ရှောက်ချန်၏အသံမှအိပ်ရာထခါစမို့လားမသိ။ အနည်းငယ်သြရှရှဖြစ်နေသည်။ ပိုင်ယန်၏နဖူးလေးကို လက်နှင့်စမ်းလိုက်ပြီး တစ်ဖန်သူ့နဖူးပေါ်ထပ်စမ်းလိုက်ကာ အိပ်ရာကထပြီးအဝတ်များဝတ်၍အခန်းပြင်ထွက်သွားတော့၏။

Affection[Complete]Where stories live. Discover now