၁၂(U+Z)

11.5K 1.6K 45
                                    

Unicode

ပိုင်ယန်မှာကားပါကင်သို့သွားပြီးရှောက်ချန်ကိုထပ်မစောင့်မိတော့ပေ။ ရှောက်ချန်မှာသူ့ကိုတမင်စောင့်ရအောင်လုပ်နေသည်ကိုခံစားမိသောကြောင့်ပင်။

ထိုနေ့က ကားပါကင်တွင် တစ်ဋ္ဌာနထဲကစီနီယာနှင့်တွေ့လိုက်ရသည်။ ထိုစီနီယာမှသူ့ကိုပုံနှိပ်တိုက်က အလုပ်သင်ခေါ်နေသည့်သတင်းကိုပြောပြလာပြီး လျှောက်ချင်လားဟုပါမေးလာခဲ့သည်။ ပိုင်ယန်မှာသတင်းကြားကြားပြီးချင်းအလွန်စိတ်လှုပ်ရှားသွားရလေသည်။ အလုပ်သင်လစာမှာ အရမ်းမနည်းပေ။ပြီးတော့ တစ်ပတ်မှသုံးရက်သာအလုပ်ဆင်းဖို့လိုသည်။သူ အင်တာဗျူးတန်းဖြေလိုက်ပြီး အဖြေကို​စောင့်နေလိုက်မိသည်။

ရှောက်ချန်ကိုသူအရမ်းသဘောကျရသော်လည်း ရှောင်ချန်နောက်ပဲတစ်နေကုန်လျှောက်လိုက်နေလို့မရသေးပေ။ သူ့တွင်စားစရာမရှိသေးဘဲ အချစ်ကိုလိုချင်နေလို့မရပေ။ လက်တွေ့ဘဝကသူ့ကိုရုန်းကန်ဖို့သတိပေးလေသည်။

ကံကောင်းချင်တော့ ရှောက်ချန်ကိုသူတွေ့ခွင့်ရသေးသည်။

Sတက္ကသိုလ်၏နှစ်ပတ်လည်နေ့သည် နီးနေပြီဖြစ်သည်။ ဋ္ဌာနတိုင်းတွင်အစီအစဥ်ရှိသည်ဖြစ်ကြရာ အကြိုလေ့ကျင့်ရမည့်ရီဟာဇယ်ခန်းမများသည်အားလုံးပြည့်နေပြီဖြစ်၏။ ရှောက်ချန်၏ဥပဒေမေဂျာသည် သူတို့၏တရုတ်စာပေမေဂျာနှင့်တစ်ခန်းထဲ အကြိုလေ့ကျင့်မှုလုပ်ရလေသည်။ နှစ်ဦးစလုံးကသူတို့ဋ္ဌာနများတွင်ထူးချွန်သောကျောင်းသားများဖြစ်ကြလေရာ ပြဇာတ်ကရာတွင် ကိုယ်စီဋ္ဌာနများ၏ခေါင်းဆောင်များဖြစ်ကြလေသည်။ ပိုင်ယန်မှာရှောက်ချန်ကိုအခန်းထဲတွင်ခဏခဏတွေ့နေ၍ပြုံးပြသော်လည်းရှောက်ချန်မှာသူ့ကိုတစ်ချက်ကလေးမျှပင်လှည့်မကြည့်ချေ။

ဟိုအရင်ကသူတို့မသိခဲ့သည့်အချိန်များကဲ့သို့ပင်ဖြစ်နေပြီး ယခုအခြေအနေကပိုဆိုးလေသည်။

သူလည်းအတတ်နိုင်ဆုံးမွန်းကြပ်စရာများမတွေးဖို့ဆုံးဖြတ်ထားလိုက်ပြီး လေ့ကျင့်မှုထဲတွင်သာအာရုံစိုက်ထားမိသည်။ ပါဝင်သူအများစုမှာမိန်းကလေးများဖြစ်ပြီး သူတို့ကဆွဲဆောင်မှုရှိ၍တက်ကြွသောအကကိုကကြလေသည်။ ယောကျာ်းလေးများကတော့အရံသဘောမျိုးသာ။ ဋ္ဌာနနှစ်ခုလုံးလေ့ကျင့်သည့်နေရာတူနေကြ၍ တစ်ဖက်က လေ့ကျင့်နေလျှင်တစ်ဖက်ကလာကြည့်ကြသည်။

Affection[Complete]Where stories live. Discover now