၁၅(U+Z)

11.2K 1.6K 53
                                    

Unicode

ပိုင်ယန်လည်းအိမ်ပြန်လို့မရသေးတာကြောင့် ရှောက်ချန်ကိုသူအလုပ်လုပ်နေသောစားသောက်ဆိုင်သို့လိုက်ပို့ခိုင်းလိုက်လေသည်။ ဆယ်မိနစ်အတွင်းပင် လျင်လျင်မြန်မြန်ရောက်သွား၏။ ကားထဲကထွက်ပြီး သူရှောက်ချန်ကိုအကြိမ်ကြိမ်ကျေးဇူးတင်စကားပြောနေမိသော်လည်း ရှောက်ချန်မှာ ကားပါကင်ထိုးလိုက်ပြီးကားတံခါးဖွင့်ကာထွက်လာလေသည်။

"ငါညစာစားမို့''

သူကခပ်ပြတ်ပြတ်အသံနှင့်ပြောလာလေသည်။

ပိုင်ယန်မှာ ခါးသီးစွာပြုံးလိုက်လေသည်။ သူအချိန်အကြာကြီးစုမိမှ လာစားသောက်နိုင်သည့်၊ သူအလုပ်လုပ်နေသောစားသောက်ဆိုင်တွင် ရှောက်ချန်ကညစာအနေနှင့်ပေါ့ပေါ့ပါးပါးစားနိုင်လေသည်ကိုတွေးလိုက်မိသောကြောင့်ပင်။

နှစ်ယောက်သားမှာစားသောက်ဆိုင်ထဲသို့အတူတူဝင်လာခဲ့လေသည်။ သူတို့အချင်းချင်းစကားမပြောကြသော်လည်း အားလုံးကအတူတူလာကြမှန်းသဘောပေါက်ကြလေသည်။ ဝန်ထမ်းအဝတ်လဲခန်းထဲတွင်အဝတ်လဲဖို့ဝင်သွားချိန်တွင်မူ မန်နေဂျာကအခန်းထဲဝင်လာပြီးမေးလေသည်။

"မင်းဘာလို့VIP ဧည့်သည်နဲ့အတူလာတာလဲ''

ဤစားသောက်ဆိုင်တွင်VIPဧည့်သည်သိပ်မရှိပေ။ တိတိကျကျပြောရမည်ဆိုလျှင် ရှောက်ချန်၏VIPဧည့်သည်ဖြစ်လာပုံမှာ သူ့အဖေကဤစားသောက်ဆိုင်တွင်ခဏခဏလာစားခြင်းကြောင့်သာ။ သူကသူ့အဖေနှင့်တစ်ခေါက်နှစ်ခေါက်သာလိုက်လာသော်လည်း ဆက်ဆံရေးပျူငှာလှသောမန်နေဂျာက မှတ်မိနေခဲ့သည်။ ဧည့်သည်တိုင်းကို သူမှတ်မိနိုင်လေရာ ရုပ်ရည်ချောမောလှသောရှောက်ချန်လိုဧည့်သည်မျိုးကိုဆိုလျှင်ပိုလို့တောင်မှတ်မိသေးမည်လေ။

ပိုင်ယန်ကလည်း သူ့ကိုလမ်းကြုံလိုက်ပို့သောကျောင်းကအတန်းဖော်ဟုပြောလိုက်လေသည်။

မန်နေဂျာကထပ်မေးပြန်သည်။

"ဒီလိုချမ်းသာတဲ့အတန်းဖော်ရှိနေတာကို မင်းကိုဘာလို့မကူညီခိုင်းတာလဲ''

"ချမ်းသာလည်း သူတို့ပိုက်ဆံနဲ့သူတို့လေ။ ကျွန်တော့်ကိုကူညီပါ့မယ်လို့ သူတို့ကသစ္စာပြုထားတာလည်းမဟုတ်''

Affection[Complete]Where stories live. Discover now