၃၄(U+Z)

12.7K 1.6K 102
                                    

Unicode

ဗီလာ၏အပြင်ဖက်တွင်ပွဲလုပ်နေ၍ အလွန်တရာမှဆူညံနေသော်လည်း ဗီလာ၏အသံလုံစနစ်မှာအရမ်းကောင်းတာကြောင့်အထဲကိုဘာအသံမှဝင်မလာပေ။

ရှောက်ချန်ကပိုင်ယန်ကိုအခန်းတစ်ခုဆီသို့ခေါ်လာကာ တံခါးလော့ခ်ချလိုက်၏။ ပြီးလျှင် ကုတင်ပေါ်မှာပိုင်ယန်ကိုထိုင်စေကာ မျက်ရည်များကိုတဘက်လေးနှင့်ဂရုတစိုက်လေးသုတ်ပေးနေသည်။

"အိုကေ ထပ်မငိုနဲ့တော့နော်''
သူ့အသံကအရမ်းညင်သာနေပြီး ပိုင်ယန်ကိုလက်မောင်းထဲထည့်ပွေ့ကာခေါင်းကိုငုံ့လိုက်ပြီး ပိုင်ယန်၏စိုစွတ်နေဆဲမျက်ခွံလေးများကိုဖိကပ်နမ်းလိုက်သည်။
"မငိုနဲ့တော့ ကိုယ်တို့စကားပြောရအောင်''

ပိုင်ယန်မှာပိုလို့ငိုချင်လာသည့်အပြင်မျက်ရည်များကြောင့်ချောင်းပင်တဟွတ်ဟွတ်ဆိုးကာသီးနေ၏။ သာမန်ဆို နက်နက်ကလေးဖြစ်နေသောမျက်ဝန်းအိမ်လေးများမှာမျက်ရည်များနှင့်ပြည့်နေကာ ခေါင်းတစ်ခုလုံးမှာလည်းချာချာလည်မူးနေ၍တစ်ဖက်လူဘာပြောလဲဆိုတာပင်သေချာမကြားရပေ။

ရှောက်ချန်ကသက်ပြင်းလေးဖွဖွချလိုက်ပြီး တဘက်အသေးလေးနှင့်မျက်ရည်များကိုခြောက်စေလိုက်ကာ သုတ်နေရင်းနှင့်လည်းနမ်းနေမိ၏။ နဖူး၊ မျက်ခုံးတန်းလေးများ၊ နှာခေါင်းထိပ်ကလေး ထိုမှတစ်ဆင့် ပါးပြင်မို့မို့....ဆက်ပြီး နှုတ်ခမ်းအိအိလေးများဆီသို့....

"မငိုပါနဲ့တော့..... ပိုင်ယန် ကိုယ့်ကိုကြည့် ကိုယ်မင်းကိုပြောစရာရှိတယ်''

ပိုင်ယန်က မျက်ရည်ဝဲဝဲလေးနှင့် ရှောက်ချန်ကိုကြည့်လိုက်၏။ အနမ်းများနှင့် နှစ်သိမ့်ခံရ၍လာမပြောတတ်....မိနစ်အနည်းငယ်မျှကြာတော့ မျက်ရည်များသည်လုံးဝခြောက်သွေ့သွားသည်။ သို့သော်ငြား မျက်ဝန်းလေးများမှာကူရာကယ်ရာမဲ့စွာငေးငေးကြောင်ကြောင်လေးဖြစ်နေသေးသည်။

သူအခုလိုဖြစ်နေတာမြင်တော့ ရှောက်ချန်ကတဘက်လေးကိုအသာချလိုက်ကာ ပိုင်ယန်၏ပါးပြင်ကိုလက်ဖျားလေးနှင့်အသာပွတ်သပ်ပြီးပြော၏။

"မင်းကိုအဲ့ဖုန်းဘယ်သူဝယ်ပေးလဲကိုယ်မသိဘူး။ အဲ့ဒီလူကမင်းအတွက်ဘယ်လောက်အရေးကြီးနေပါစေ၊ ကိုယ်မင်းကိုအဲ့ထက်ကောင်းတာမှန်သမျှပေးမယ်။ ဟုတ်ပြီလား သူများတွေထက်ပိုကောင်းတဲ့ဟာ....အဲ့ဒါကြောင့် ဝမ်းမနည်းပါနဲ့တော့''

Affection[Complete]Where stories live. Discover now