၃(U+Z)

13.5K 1.7K 93
                                    

Unicode

နေ့ဖက်အတန်းမရှိသည့်အချိန်များတွင်ပိုင်ယန်သည်စာကြည့်တိုက်တွင်ခေါင်းစိုက်နေရင်နေ၊ မဟုတ်လျှင် ရုက္ခဗေဒပန်းဥယျာဥ်ထဲသွားပြီးစာအုပ်သွားဖတ်နေလေ့ရှိတတ်သည်။

ရုက္ခဗေဒဥယျာဥ်သည် သိပ်မကျယ်ပေ။ သို့ပေမယ့် အထဲတွင်ပန်းများစုံစုံလင်လင်ရှိလှသည်။ ပန်းဥယျာဥ်အများစုကိုမူ Sတက္ကသိုလ်ထဲမှာအထင်ကရနေရာများတွင်အလှဆင်ထားသည့်အနေနှင့် ထားလေ့ရှိသည်။ ထို့ကြောင့်ပန်းဥယျာဥ်များမှာကျဥ်းကျဥ်းကျုပ်ကျုပ်နှင့် ရိပ်တိပ်တိပ်ရှိတာကြောင့် အတွဲအများစုမှာဤပန်းဥယျာဥ်လေးထဲတွင်လာချိန်းတွေ့လေ့ရှိကြသည်။အခုသူရောက်နေသည့်ပန်းဥယျာဥ်လေးမှာလည်း နေ့ဖက်ဖြစ်တာကြောင့်အတွဲမရှိခြင်းပင်။ထို့ကြောင့်သူဒီနေရာလေးတွင်တိတ်တိတ်ဆိတ်ဆိတ်နှင့်အိမ်စာလာလုပ်နေတာပင်။

Sတက္ကသိုလ်ကအတန်းများမှာခက်ခဲလှသည်။ အားလုံးကစာနှင့်လုံးပန်းနေမှသာ အဆင်ပြေမည့်ပုံစံမျိုးပင်။ ပိုင်ယန်လိုအချိန်ပိုင်းအလုပ်တစ်ဖက်၊ စာတစ်ဖက်နှင့်လူမျိုးဆို အခုလိုရသည့်အချိန်လေးတွင်အိမ်စာများကြိုတင်လုပ်ထားမှအဆင်ပြေသည်လေ။

ပိုင်ယန်စာလုပ်ရင်းအနည်းငယ်ငိုက်မျဥ်းနေစဥ် ကျီရှောက်ယွင်ကmessageပို့လာလေသည်။ အရင်တစ်ခေါက်ကစက်ဘီးပြင်ပေးတာကိုကျေးဇူးတင်သည့်အနေနှင့်ရေခဲမုန့်ဝယ်ကျွေးချင်ပါသည်တဲ့။ပိုင်ယန်လည်း စာထဲကemojiလေးကချစ်ဖို့ကောင်း၍တဟားဟားအော်ရယ်လိုက်မိ၏။ ကျီရှောက်ယွင်ကသူအထက်တန်းကျောင်းမှာကတည်းကသူငယ်ချင်းဖြစ်လာခဲ့သည့်သူပင်။ အရင်ကတော့ သူနှင့်ထိုမိန်းကလေးကသိပ်မခင်ပေ။ သို့သော်ငြား သူ့မိဘများရဲ့ကားအက်စီးဒင့်သတင်းကိုကြားပြီးနောက် ထိုကလေးမသည်သူ့ကိုအတော်လေးကိုယ်ချင်းစာသည့်ပမာရင်းရင်းနှီးနှီးပြောဆိုလာသည့်အပြင် ကူလည်းကူညီပေးချင်သည့် ဟန်လည်းရှိလေသည်။ သို့သော်လည်း လက်တွေ့တွင်မူ ကူညီပေးနေရသူမှာ ပိုင်ယန်ကိုယ်တိုင်ပင်ဖြစ်သွား၏။

သူက သူတစ်ပါးရဲ့စေတနာကိုပစ်ပစ်ခါခါမပြုရက်ပေ။ သူ့ရဲ့လိင်စိတ်တိမ်းညွှတ်မှုကြောင့်သာမဟုတ်လျှင် ကျီရှောက်ယွင်လိုချစ်စရာကောင်းသည့်ကလေးမလေးကိုသူသဘောကျမိမည်ပင်။

Affection[Complete]Where stories live. Discover now