၂၉(U+Z)

11.3K 1.4K 26
                                    

Unicode

နောက်နှစ်ရက်လောက်အထိ ပိုင်ယန်ကရှောက်ချန်၏စာမူများကို အမှားတစ်လုံးတစ်လေလောက်တောင်မရှိရလေအောင်စေ့စေ့စပ်စပ်စစ်ပေးနေမိသည်။ ပြင်ရမည်ဟုသူယူဆမိသည့်နေရာများကို မှတ်သားထားလိုက်သည်။
အန်တီဖန်းကတစ်ခါတစ်လေဆိုသူ့ကိုပင်ထမင်းစားဖို့အော်ခေါ်ရသည်။ တစ်ခါကနေနှစ်ခါထိခေါ်နေတော့ ရှောက်ချန်ပင်မနေနိုင်တော့ဘဲ သူ့ကိုပုခုံးပေါ်ထမ်းသယ်လိုက်ပြီးအောက်ထပ်ကိုခေါ်သွားလေတော့သည်။

ပိုင်ယန်ကသူ့နောက်ကျောကိုမျက်နှာနီနီနှင့်ရိုက်ပုတ်လိုက်လေ၏။

ပိုင်ယန်၏အားကြိုးမာန်တက်လုပ်ဆောင်မှုကြောင့် ပထမဆုံးစစ်သည့်စာမူမှာတစ်ပတ်အကြာတွင်အကုန်စစ်ပြီးသွားလေသည်။

ပိုင်ယန်မှာခါးကြောဆန့်လိုက်ပြီး ညစာတစ်ခုခုချက်စားဖို့ပြင်ဆင်လိုက်လေသည်။

လွန်ခဲ့သောနှစ်ရက်လောက်ကတည်းက ရှောက်ချန်ကသူ့မိဘအိမ်ကိုကိစ္စတစ်ခုကြောင့်ပြန်သွားလေသည်။ ထိုကတည်းက ပိုင်ယန်ဆီဘာmessageမှမပို့သဖြင့် သူဘယ်အချိန်ပြန်လာမည်ဆိုတာလည်းသူမသိပေ။ အန်တီဖန်းကိုချက်ခိုင်းရမှာလည်းအားနာသဖြင့် သူ့ဘာသာသူချက်စားရန်ပြင်ဆင်ခြင်းဖြစ်၏။ ပြီးတော့ သူကယာယီနေထိုင်သောဧည့်သည်တစ်ယောက်သာဖြစ်သောကြောင့် သူ့ဝမ်းသူကျောင်းသင့်သည်မှာဖြစ်သင့်သောကိစ္စပင်။

သူဘာစားရမလဲတွေးနေတုန်း ဖုန်းကတစ်ချက်တုန်သွား၍messageတစ်စောင်ဝင်လာသည်။ သူ့ကိုညစာစားဖို့လာခေါ်သောကျီရှောက်ယွင်ထံမှဖြစ်လေသည်။

သူလည်းခါးသက်စွာပြုံးပြီး-
[ငါအထုတ်မသယ်ချင်တော့ဘူးနော်]

ကျီရှောက်ယွင်ကပြန်ပြော၏။
[ငါ့မှာကောင်လေးရှိတယ်ဟဲ့။ ငါနင့်ကိုအရင်ကပြောသေးတယ်လေ နင်ကငါ့စကားကိုမှအာရုံမစိုက်တာ]

ပိုင်ယန်အခုမှမှတ်မိသည်။ ဆောင်းရာသီအားလပ်ရက်မတိုင်ခင်က ကျီရှောက်ယွင်ပြောဖူး၏။ သူမ ကောင်လေးရသွားပြီဟု။ သို့ပေမယ့် ထိုအချိန်တုန်းက သူရှောက်ချန်နှင့်ရုတ်တရက်ကြီးနီးစပ်သွား၍တခြားကိစ္စများကိုအာရုံသိပ်မစိုက်ခဲ့မိသောကြောင့်အမှုမဲ့အမှတ်မဲ့ဖြစ်ခဲ့ရသည်ဖြစ်မည်။

Affection[Complete]Where stories live. Discover now