၄၀(U+Z)

10.8K 1.4K 23
                                    

Unicode

ဆရာဝန်ပြောတဲ့အတိုင်းပဲ ပိုင်ထောင်းကနှစ်ရက်ကြာပြီးနောက်နိုးလာလေသည်။

ပိုင်ထောင်းနိုးလာတော့ ပိုင်ယန်ဆေးရုံခန်းထဲမှာပန်းသီးလေးတွေကိုစိတ်နေ၏။သူမော့ကြည့်မိတော့ ကုတင်ပေါ်ကလူကနိုးလာ၍သူ့လက်ပင်ဓားပြတ်မတတ်ဖြစ်သွားရလေသည်။

"ထောင်ထောင်း ထောင်ထောင်း ကိုကိုပြောတာကြားရလား''
သူကညီမလေးကိုစိတ်လှုပ်ရှားစွာခေါ်မိ၍အသံအကျယ်ကြီးထွက်သွားလေသည်။

အန်တီဖန်းကအလျင်အမြန်ပဲဆရာဝန်များ သူနာပြုများကိုလှမ်းခေါ်ပေးလေသည်။ စစ်ဆေးစရာရှိတာစစ်ဆေးပြီးတော့ တာဝန်ကျဆရာဝန်ကပြောလာ၏။ပိုင်ထောင်းကအခုဆိုသူများပြောတာကြားနိုင်နေပြီဖြစ်ပေမယ့် ကိုယ်တိုင်အသံပြုနိုင်ဖို့ကတော့ကြာဦးမည်တဲ့။

နောက်ရက်အနည်းငယ်တွင် ပိုင်ယန်ကအတန်းမရှိလျှင်အချိန်ပြည့်ဆေးရုံသွား၍ညီမလေးကိုအဖော်ပြုပေးနေလေသည်။ အလုပ်လုပ်ဖို့ကွန်ပျူတာလေးပင်ယူခဲ့သေးသည်။

ပိုင်ထောင်းကစစချင်းတွင်အသံအက်အက်သာပြုနိုင်သော်လည်း တဖြည်းဖြည်းအသံကချောမွေ့စွာထွက်လာသည်။ တစ်နေ့တွင် သူမသည်'ကိုကို'ဟူသောဝေါဟာရကိုပင်ပီပီသသခေါ်နိုင်သွားလေသည်။ ပိုင်ယန်လည်းအင်မတန်မှစိတ်လှုပ်ရှားသွားရ၏။

"ကိုကိုဒီမှာရှိတယ်။ အမြဲရှိနေတယ်''
သူကသူ့ညီမလေးလက်ကိုကိုင်ပြီးအမောတကောပြောမိ၍သီးပင်သီးသေးသည်။

သုံးနှစ်မျှကြာပြီးမှ သူဤ'ကိုကို'ဟူသောနာမည်လေးကိုပထမဆုံးပြန်ကြားနိုင်လေပြီ။

ပိုင်ထောင်း၏ပြန်လည်နလန်ထူမှုမှာအင်မတန်မြန်ဆန်လေသည်။ နိုးပြီးတစ်ပတ်အတွင်း သူမသည်မြန်မြန်ဆန်ဆန်စကားပြောနိုင်လေပြီ။ ဆရာဝန်ကခွဲစိတ်ကြီးဆိုးကျိုးဘာမျှမရှိဘူးဟုအတည်ပြုပေးခါမှသူစိတ်သက်သာရာရသွားလေသည်။

သူမ အိပ်(ကိုမာ ရ)နေစဥ်အတောအတွင်းလည်းကြားရသမျှကိုအကုန်မှတ်မိနေလေသည်။ထို့ကြောင့်ကားအက်စီးဒင့်အကြောင်းရော မိဘနှစ်ပါးအကြောင်းရောအကုန်သိနေလေသည်။ကောင်မလေးခမျာစကားကိုပြတ်တောင်းပြတ်တောင်းသာပြောနေသော်လည်း မျက်ဝန်းလေးများထဲတွင်မျက်ရည်စများဝေ့သီနေလေသည်။ပိုင်ယန်က သူ့ညီမလေးထပ်ပြီးမေ့မျောသွားမည်စိုး၍စိတ်ငြိမ်ငြိမ်ထားရန်ဖြောင်းဖျလေသည်။

Affection[Complete]Where stories live. Discover now