၁၆(U+Z)

11.1K 1.5K 36
                                    

Unicode

အခုတစ်ခါသည် ပိုင်ယန်အတွက် ရှောက်ချန်၏အိမ်သို့ဒုတိယအကြိမ်ရောက်ဖူးခြင်းဖြစ်၏။ အရင်တစ်ခါကကဲ့သို့ ဆူညံနေသောလူအုပ်ကြီးမရှိဘဲ ဗီလာတစ်ခုလုံးကထူးဆန်းစွာတိတ်ဆိတ်ငြိမ်သက်နေလေသည်။

"တောင်းပန်ပါတယ်။ ကျွန်တော်က ခင်ဗျားအတွက်တကယ်အနှောင့်အယှက်ဖြစ်နေမိပြီ''

ပိုင်ယန်ကတံခါးမကြီးကနေလျှောက်ဝင်လာလိုက်ပြီးပြော၏။

"ကျွန်တော့်ကိုစိတ်မပူပါနဲ့။ ဒီညအတွက် ဆိုဖာပေါ်မှာပဲအိပ်လိုက်ပါ့မယ်။ ခင်ဗျားလည်းလုပ်စရာရှိတာသွားလုပ်ပါ''

ရှောက်ချန်ကဘေးကနေ သူ့ကိုအေးစက်စက်ကြည့်လာပြီး-

"ငါကရောမင်းကိုဂရုစိုက်ပါ့မယ်ပြောနေလို့လား''

ပိုင်ယန်က ကြောင်အသွားလေသည်။ ရှက်ရွံ့စွာမတ်တပ်ရပ်နေမိပြီးဘာစကားမှမပြောမိပေ။

"ငါဗိုက်ဆာတယ်''

ရှောက်ချန်ကရုတ်တရက်ကြီးထပြော၏။

"မင်းဘယ်လိုချက်ရမလဲသိတယ်မလား။ မီးဖိုချောင်သွားပြီးငါ့အတွက်ညလယ်စာသွားလုပ်ပေး''

ပြောပြီးသည်နှင့်အပေါ်ထပ်သို့တက်သွားလေတော့သည်။

ခုနကပဲညစာစားလာတာမဟုတ်ဘူးလား။ ဘာလို့အခုဗိုက်ထပ်ဆာရပြန်တာတုန်း။ ပိုင်ယန်အူကြောင်ကြောင်လေးဖြစ်သွားရသော်လည်း ရှောက်ချန်စကားကိုနားထောင်ပြီးမီးဖိုချောင်ထဲဝင်လာလိုက်သည်။ ရေခဲသေတ္တာထဲတွင် ဟင်းသီးဟင်းရွက်၊ပစ္စည်းပစ္စယအစုံရှိနေသည်။ ကြည့်ရသည်မှာ ဟင်းချက်ပေးသည့်လူသက်သက်ရှိသည်ထင့်။

ပိုင်ယန်မှာ နာမည်ကြီးစားဖိုမှူးကဲ့သို့ကျွမ်းကျွမ်းကျင်ကျင်မချက်တတ်သော်လည်း အိမ်ချက်ဟင်းလျာများလောက်တော့အသာလေးချက်နိုင်စွမ်းရှိလေသည်။ ညလယ်ရောက်နေပြီဆိုတော့ အဆီများသည့်ဟာကိုမကျွေးသင့်တော့ပေ။ ဟင်းချက်ပစ္စည်းများကိုကြည့်ပြီး သူခဏမျှစဥ်းစားလိုက်ကာအင်္ကျီလက်လေးကိုခေါက်တင်လိုက်သည်။ ပြီးသည်နှင့် အသားတောက်တောက်စဥ်း၊ ခရမ်းချဥ်းသီးပါးပါးလှီးပြီးခေါက်ဆွဲပြုတ်ချက်ဖို့ပြင်လိုက်လေသည်။

Affection[Complete]Where stories live. Discover now