၄၅(U+Z)

11.1K 1.3K 18
                                    

Unicode

အချိန်က မျက်စိတစ်မှိတ်အတွင်းမှာပင် စာသင်နှစ်အဆုံးကိုရောက်လာပြီဖြစ်လေသည်။ ပိုင်ယန်က နောက်ဆုံးစာမေးပွဲအတွက်ကြိုးစားနေရသလို ရှောက်ချန်ကလည်းမကြာခင်ဘွဲ့ရတော့မည်ဖြစ်လေသည်။

တခြားဘွဲ့ရခါနီးကျောင်းသားများနှင့်မတူစွာ ရှောက်ချန်က သူ့ကျောင်းသားဘဝကိုအေးအေးဆေးဆေးဖြတ်သန်းနေလေသည်။ ကုဝေဟောက်နှင့် ကျန့်ဟုန်ရိတို့လည်းထို့နည်း၎င်းပင်။ တခြားကျောင်းသားများမှာ အလုပ်သင်ဆင်းရန် ကြိုးကြိုးစားစားကုမ္ပဏီများလိုက်ရှာနေကြသော်လည်း ထိုသုံးယောက်မှာမူ မိဘများ၏ကုမ္ပဏီတွင်ဝင်ဆင်းလိုက်ရုံ။ သူတို့နှစ်ယောက်လည်းရှောက်ချန်အကြောင်းကိုသိပ်စိတ်မဝင်စားကြပေ။

တစ်ရက် ညစာစားပြီးချိန်တွင်ရှောက်ချန်က သာမန်မျက်နှာထားနှင့် သူတို့နှစ်ဦးလုံးလန့်သွားလောက်မည့်သတင်းကို ပြောလာလေသည်။

“နောက်လဆို ငါ့ဝတ္ထုကိုထုတ်ဝေတော့မှာ။ မင်းတို့အတွက် သပ်သပ်ဖယ်ထားပေးရဦးမလား”

ကုဝေဟောက်၏မျက်လုံးတွေကပေါက်ထွက်မတတ်ပြူးကျယ်လာပြီး-
“ဘာရယ်? ချန်ကော မင်းဝတ္ထုတွေရေးတုန်းလား”

ကျန့်ဟုန်ရိကလည်း-
“ချန်ကောရာ မင်းလျှိုလွန်းတယ်”

ရှောက်ချန်ကပြန်ပြောလေသည်။
“မင်းတို့လည်းမမေးကြဘူးလေ”
နှစ်ဦးက ရှောက်ချန်ကအချိန်တော်တော်ကြာအောင် မေးမြန်းနေပြီးမှ ကျေနပ်သွားကြလေတော့သည်။

“ဘယ်စာအုပ်တိုက်ကလဲ။ ငါသွားနှုတ်ဆက်ပြီး ပြောပေးထားမယ်လေ”
ကျန့်ဟုန်ရိအိမ်က စာအုပ်တိုက်များနှင့် အလုပ်တွဲလုပ်နေရသောကြောင့် ထိုနယ်ပယ်တွင် အကျွမ်းတဝင်ရှိလှလေသည်။

“မလိုဘူး။ xxxစာအုပ်တိုက်က အယ်ဒီတာချုပ်ထောင်နဲ့စာချုပ်ချုပ်ထားတာ”

ကျန့်ဟုန်ရိက လုံးဝအံ့ဩသွားပြီး-
“ဟမ်? ဝိုး ချန်ကော မင်းစာအုပ်တော့ပေါက်ပြီပေါ့”
အယ်ဒီတာချုပ်ထောင်ဆိုသူမှာ စာပေလောကတွင်အတော်လေးလူသိများသောပုဂ္ဂိုလ်တစ်ဦးပင်။ ထိုမျှသာမက သူရွေးထုတ်သောစာအုပ်များမှာ အရေအတွက်နည်းပါးပြီး အရည်အသွေးပိုင်းကိုသာအလေးပေးလေသောကြောင့်ထုတ်သမျှစာအုပ်တိုင်းပေါက်လေသည်။

Affection[Complete]Where stories live. Discover now