၃၅(U+Z)

12.7K 1.5K 82
                                    

Unicode

ဆယ်မိနစ်လို့ပြောလိုက်ပေမယ့် အပေါ်ထပ်မှာသူတို့နှစ်ယောက်လုံးထွေးနေမိသည်မှာနာရီဝက်မျှပင်ကြာသွားခဲ့လေသည်။ကုဝေဟောက်တစ်ယောက် တံခါးထပ်လာခေါက်မတတ်ကြာသွားရလေတော့သည်။

သူအောက်ထပ်ဆင်းသွားတော့ စိတ်ပူပန်စွာစောင့်နေသောကျောက်ရော့ထုံကိုတွေ့လိုက်ရ၏။ သူမ ပိုင်ယန်ကိုလည်းတွေ့ရောစိတ်ပူစွာနှုတ်ဆက်လာလေသည်။

"အဆင်ပြေရဲ့လား ပိုင်ယန်''

"သူအရမ်းအဆင်ပြေတယ်''

ရှောက်ချန်ကပိုင်ယန်ပုခုံးလေးကိုဖက်လိုက်ကာ ဘေးနားကလူတွေကိုပိုင်ယန်နှင့်ဝေးကွာစေလိုက်၏။

ပိုင်ယန်ကပြုံးပြီး-

"အဆင်ပြေပါတယ် ဒါနဲ့စုန့်ချီရော''

သူခုနကဒေါသထွက်ထွက်နှင့်စုန့်ချီကိုရိုက်လိုက်မိသော်လည်း အခုမှအကျိုးဆက်များကိုတွေးပြီးစိတ်ပူလာသောကြောင့်ပင်။

"ကျွန်မသူ့ကိုဆေးရုံလိုက်ပို့ခိုင်းလိုက်ပြီ။ သူ့အရေပြားပဲထိသွားတာ။ သူ့အရေပြားကလည်းထူတော့စိတ်ပူစရာတော့မရှိပါဘူး''

ကျောက်ရော့ထုံကဆက်ပြော၏။
"သူသာ ကျွန်မနဲ့ရှင့်ကိုဒုက္ခထပ်ပေးလာရင် ကျွန်မသူ့ကိုပညာကောင်းကောင်းပေးလိုက်မယ်''

ပိုင်ယန်ကကျောက်ရော့ထုံ၏ကျားကျားယားယားစကားလုံးများကြောင့်အံ့သြသွားမိသည်။ နူးနူးညံ့ညံ့မိန်းကလေးတစ်ယောက်ကအခုလိုအမှန်တရားဖက်မှာရဲရဲဝံ့ဝံ့ရပ်တည်မည်ဟုသူ မထင်ခဲ့မိပေ။

"ကျေးဇူးပါ ကျွန်တော်က ကိစ္စမရှိပါဘူး။ မင်းသာကိုယ့်ကိုယ်ကိုဂရုစိုက်ပါ။ အကူအညီလိုရင်ကျွန်တော်ကိုတောင်းပေါ့''

ကျောက်ရော့ထုံကပြုံးပြီးဆက်ပြောဖို့လုပ်ပေမယ့် သူတို့စကားစကိုရှောက်ချန်ကဖြတ်ချလိုက်လေသည်။

"သူ့ကိုရှာလည်းမထူးဘူး။ သူကမင်းကိုမကူညီနိုင်ဘူး။ ရှာချင်ငါ့လာရှာ''

ပိုင်ယန်ကရှက်ရွံ့စွာခေါင်းကုတ်လိုက်ပြီး-
"ဟုတ်တယ် ကျွန်တော်ကသိပ်အသုံးမဝင်လောက်ဘူးဗျ။ မင်းကိုဒုက္ခပဲပေးမိမှာ။ ရှောက်ချန်ကကူညီချင်နေတော့အကောင်းဆုံးပေါ့။ သူရှိနေရင်စုန့်ချီကမင်းကိုအနိုင်ကျင့်ရဲမှာမဟုတ်ဘူး''

Affection[Complete]Where stories live. Discover now