၄၂(U+Z)

13.7K 1.4K 55
                                    

Unicode

ပိုင်ယန်၏မျက်နှာသည် ရဲရဲနီသွားလေတော့သည်။ ရှောက်ချန်၏စကားလုံးတို့သည် သူ့အဖို့ ဆဲဆိုသောစကားလုံးများ ဖြစ်လျှင်တောင်မှ ရှောက်ချန်၏အေးတိအေးစက်အသံက သူ့ခြေထောက်များကို ပျော့ခွေနိုင်စွမ်းရှိလေသည်။

“ကျွန်တော် အဲ့တာမလုပ်တာအတော်ကြာပြီမို့ ခဏလောက် ပြင်ဆင်ခွင့်ပြုပါနော်...”

သူကရှက်ရွံ့စွာပြောလိုက်သည်။ သူတို့အရင်တစ်ခေါက်နောက်ဆုံးအကြိမ် လုပ်ခဲ့ပြီးကတည်းက ကြားထဲမှာ ကိစ္စတွေအများကြီးဖြစ်သွားခဲ့သည်လေ။ ရှောက်ချန်က သူ့ကိုအိမ်ပေါ်ကဆင်းခိုင်းခဲ့သည်။ ဟော အိမ်ပြန်ခေါ်လာပြန်တော့လည်း စုန့်ချီ၏လူများက သူ့ကိုရိုက်နှက်ခဲ့ပြန်သည်လေ။ဒဏ်ရာတွေသက်သာသွားပြန်တော့လည်း သူ့ညီမလေးခွဲစိတ်ဖို့ကိစ္စနဲ့အလုပ်တွေများနေပြီး ရှောက်ချန်နှင့်နီးနီးကပ်ကပ်မနေဖြစ်ခဲ့ပေ။ သို့နှင့် သူတို့နှစ်ဦးသားအတူမနေဖြစ်ခဲ့သည်မှာ သုံးလလောက်ပင်ရှိတော့မည်လေ။

ရှောက်ချန်က ဘာမျှမပြောပေ။ ကြည့်ရတာ သူ့ကိုလွှတ်ပေးမည့်ပုံ မရှိချေ။ ရှောက်ချန်၏မျက်ဝန်းများ နက်မှောင်လာပြီး-

“ချွတ်လိုက်”

ယခင်ကသုံးနေကျအေးစက်စက်အသံအတိုင်းပင်.....

ပိုင်ယန်သည် ယခုဆိုလျှင် ရှောက်ချန်၏သဘောသဘာဝနှင့်အသားကျနေပြီဖြစ်၏။ ထို့ကြောင့် သူမနာခံဘဲမနေဝံ့ပေ။ ရှက်ရွံ့လှသောစိတ်ကိုဘေးခဏဖယ်ထားလိုက်ပြီး အင်္ကျီများကိုအမြန်ချွတ်ချလိုက်လေသည်။ ရှောက်ချန်ရှေ့တွင် ကိုယ်တုံးလုံးနှင့်ဖြစ်နေ၍ သူ့ခမျာမျက်နှာပင် မမော့ဝံ့ဘဲ ခေါင်းလေးငုံ့နေရှာ၏။

“မော့ပါဦး၊ ကိုယ့်ကိုကြည့်”
ရှောက်ချန်က သူအရှက်သည်းနေသည်ကိုကြည့်ရတာကျေနပ်နေပုံရ၏။

ပိုင်ယန်မျက်နှာလေးမော့လာတော့ ဖြူနုနေသောမျက်နှာလေးက ရှက်သွေးဖြာနေ၏။

ရှောက်ချန်ကရှေ့ကိုင်းချလာပြီး လက်တစ်ဖက်က သူ့ခါးသွယ်သွယ်လေးကိုပွေ့လာကာ စားပွဲပေါ်ပွေ့တင်၍ ပိုင်ယန်၏ခြေတံများကြားသူ့ခြေတံရှည်များနှင့်တိုးဝင်လာလေသည်။

Affection[Complete]Where stories live. Discover now