Unicode
ပိုင်ယန်နောက်တစ်ရက်မနက်နိုးလာသောအခါ တစ်ကိုယ်လုံးကိုင်ရိုက်ခံထားရသကဲ့သို့နာကျင်ကိုက်ခဲနေလေသည်။ သို့ပေမယ့် သူ့ခန္ဓာကိုယ်ကမူခြောက်သွေ့သန့်ရှင်းနေ၏။ ရှောက်ချန်သူ့ကိုသန့်ရှင်းပေးထားတာဖြစ်မည်။ သူ့ခေါင်းစောင်းလိုက်တော့ သူ့ကိုနာကျင်ကိုက်ခဲအောင်လုပ်ထားသည့် တရားခံ၏မျက်နှာချောချောကိုတွေ့လိုက်ရလေသည်။
မျက်လုံးများပိတ်ထားလျက်နှင့်တောင် ရှောက်ချန်၏မျက်နှာအသွင်အပြင်မှာအေးစက်နေလေသည်။ ဓားတစ်လက်ကဲ့သို့တိတိပပဖြစ်နေသည့်မျက်နှာကျပုံမှာ လူများကိုဝေးဝေးနေစေအောင်၊ကြောက်ရွံ့နေစေသောအစွမ်းသတ္တိရှိလေသည်။ သူ တစ်ဖက်လူ၏နှုတ်ခမ်းသားများအထိတစိမ့်စိမ့်ကြည့်နေမိ၏။
ရှောက်ချန်မှာ မနေ့ညကရူးရူးနှမ်းနှမ်းကိုသူ့ကိုနမ်းရှိုက်ထားသည့်အတွက် ပိုင်ယန်၏နှုတ်ခမ်းများမှာမှန်မကြည့်ဘဲနှင့်တောင်ယောင်နေမည်မှန်းသိနေပါ၏။ ထိုအနမ်းများမှာ ပြင်းပြင်းပျပျခံစားချက်များနှင့်နမ်းထားလေသောကြောင့် ပိုင်ယန်ခမျာ မဝံ့မရဲလေးမျှော်လင့်နေမိသလို မဝံ့မရဲလေးလည်းကျေနပ်နေမိပြန်၏။
သူ မတတ်နိုင်တော့ဘဲ ရှောက်ချန်၏ခန္ဓာကိုယ်အနားသို့တိုးကပ်သွားလိုက်ကာ မျက်နှာကိုနီးသထက်နီးသွားအောင်ကပ်လိုက်မိစဥ်-
"ကိုယ် မင်းကို မနေ့ညကလုံလုံလောက်လောက်နမ်းမပေးရသေးလို့ထင်တယ်''
ရုတ်တရက်အသံထွက်လာ၍ပိုင်ယန်မှာသူခိုးလူမိသွားသလိုအလျင်အမြန်နောက်ဆုတ်လိုက်မိလေသည်။ သို့ပေမယ့် ရှောက်ချန်၏သန်မာသောလက်မောင်းများကသူ့ခါးလေးကိုရစ်ပတ်လာကာ သူ့အနားဆွဲပွေ့လိုက်လေ၏။
ရှောက်ချန်၏အေးစက်စက်မျက်ဝန်းများမှာအလင်းနှင့်ကျင့်သားရနေပုံပေါက်၍ သူအစောကြီးကတည်းကနိုးနှင့်ပြီးသားဆိုတာပိုင်ယန်သိလိုက်လေသည်။
"ခင်ဗျားအိပ်ချင်ယောင်ဆောင်နေတာပဲ''
ပိုင်ယန်ကရှောက်ချန်၏ရင်ဘတ်ကိုတွန်းလိုက်ပြီးပြော၏။ သူ့မျက်နှာမှာအနည်းငယ်နီရဲနေကာ နှလုံးခုန်နှုန်းများမှာလည်းမြန်ဆန်နေလေသည်။
YOU ARE READING
Affection[Complete]
RomanceI do not own this work. All crd to original author. This is mm translation of 承情 Author - Little icecube(冰块儿) Chapters - 49chapters + extra 1 Shao Cheng×Bai Yang Sweetပါတယ်တဲ့ မူရင်းအော်သာကပြောထားပါတယ်။Hee'' I retranslate it from google translation...