၁၉(U+Z)

10.9K 1.5K 11
                                    

Unicode

သူညပိုင်းစားသောက်ဆိုင်အလုပ်မရှိတော့တာကြောင့် အလွန်အားနေလေသည်။ ပိုင်ယန်လည်း စားသောက်ဆိုင်မန်နေဂျာဆီသွားလိုက်ပြီးအလုပ် ယူနီဖောင်းဝတ်စုံလည်းပြန်ပေးရင်း သေသေချာချာလေးတောင်းပန်ကာအလုပ်ထွက်စာတင်လိုက်၏။ လတ်စသတ်တော့ ရှောက်ချန်ကမန်နေဂျာဆီက သူ့ဘဏ်အကောင့်ကိုတောင်းလာခဲ့လေသောကြောင့် သူ့အကောင့်ကိုသိသွားပြီးငွေထည့်ပေးခြင်းဖြစ်လေ၏။

ဒီငွေကိုရှောက်ချန်ကသူ့ကိုသိမ်းခိုင်းထားခြင်းဖြစ်လေသောကြောင့် သူအရင်သိမ်းထားလိုက်မည်။

ဒီဆက်ဆံရေးအဆုံးသတ်သွားသည့်တစ်နေ့မှ သူပြန်ပေးလိုက်မည်။

သူပြီးသည်နှင့်ဆေးရုံသို့လာလိုက်ပြီး သူ့ညီမလေးကိုရှောက်ချန်နှင့်သူ့အကြောင်းပြောပြနေမိ၏။ သေချာပေါက်ကိုကလေးတွေနားမထောင်သင့်သည့်အကြောင်းအရာများကိုဖြတ်ချခဲ့သည်လေ။ ပြီးတော့ ပိုင်ထောင်းလေးကအသက်၁၆နှစ်သာရှိသေးသောအသက်မပြည့်သေးသည့်ကလေးပင်။

သူနာပြုဆရာမလေးကအခန်းထဲသို့လာပြီးသာမန်နေ့များလိုပင်လာစစ်ဆေးသည်။ ပိုင်ယန်ဝတ်ဆင်ထားသောအင်္ကျီများကိုတွေ့သည်နှင့်-

"ဟယ် ရှင့်ရဲ့အင်္ကျီကG ဘရန်းပဲ''

ဒီအင်္ကျီများမှာမနက်ကရှောက်ချန်သူ့အတွက်ပြင်ဆင်ပေးခဲ့သောဟာများပင်။ သူဘရန်းအကြောင်းသိပ်မသိသော်ငြား သူနာပြု၏မေးခွန်းကြောင့်အနည်းငယ်ရှက်ရွံ့သွားပြီး-

"ဒါကျွန်တော့်သူငယ်ချင်းပေးတာပါ။ စျေးကြီးတာလား ကျွန်တော် မသိဘူးရယ်''

"ကြီးချက်ပဲ။ ရှင်ဝတ်နေတာကလေ နောက်ဆုံးပေါ်မော်ဒယ်ဖြစ်လောက်မယ်။ အရက်ရက်တွေတုန်းက ကျွန်မကောင်လေးနဲ့သွားကြည့်တာ အပြင်ဖက်ကပဲငေးနိုင်တယ်လေ။ စျေးကြီးလွန်းလို့။ ရှင့်သူငယ်ချင်းကအရမ်းရက်ရောတာပဲ''

ပိုင်ယန်လည်းငြိမ်ငြိမ်မထိုင်နေနိုင်တော့ပေ။ သူဘယ်လိုမေ့သွားပြန်ရတာလဲ ရှောက်ချန်ဆီကဆိုမှတော့စျေးပေါတာဖြစ်မလားလေ။

သူလည်းရှောက်ချန်ဆီအမြန်စာပို့ကာပြောလိုက်၏။ ဒီအင်္ကျီများကိုလျှော်ဖွတ်ပြီးပြန်ပေးမည်ဟု။ သို့သော်ငြား သိပ်မကြာခင်မှာပဲ ရှောက်ချန်ကသူ့ဆီစာပြန်ပို့လာ၏။ ''မလိုဘူး''ဟူ၍။

Affection[Complete]Where stories live. Discover now