၃၁(U+Z)

10.9K 1.6K 56
                                    

Unicode

ပိုင်ယန်က ဆေးရုံအခန်းထဲတွင်ကုတင်အပိုတစ်လုံးထပ်ထည့်ပြီး ညီမလေးကိုအဖော်ပြုပေးဖို့ဆုံးဖြတ်လိုက်၏။ ဆေးရုံက ကုတင်အပိုများကခေါက်ကုတင်ဖြစ်နေ၍တစ်ညလုံးကောင်းကောင်းအိပ်မရဘဲ ဟိုလူးသည်လွန့်ဖြစ်နေရကာမနက်မိုးလင်းခါနီးမှအိပ်ပျော်လေသည်။

သူနိုးလာပြီးဖုန်းဖွင့်ကြည့်မိတော့ မနက်ကိုးနာရီပင်ကျော်နေပြီကိုတွေ့လိုက်ရ၏။ အင်တာနက်ဖွင့်ကြည့်လိုက်တော့ နှစ်ကူးဆုတောင်းစာများအများအပြားရောက်လာသည်။ သို့ပေမယ့် သူfavလုပ်ထားသောရှောက်ချန်ဆီကမူဘာစာမှရောက်မလာပေ။

ခဏတာမျှတုန့်ဆိုင်းနေမိ၏။ သူတကယ်ပဲရှောက်ချန်ကိုလွမ်းပါသည်။ ထို့ကြောင့် သူဖုန်းခေါ်ကြည့်လိုက်လေ၏။.ဒီတစ်ကြိမ်ဖုန်းဝင်သွားသော်လည်းတစ်ဖက်က ဖုန်းမကိုင်ဘဲချပစ်သည်။

ပိုင်ယန်စိတ်ထဲတွင်ရှောက်ချန်ဖုန်းကိုင်ဖို့အဆင်မပြေလို့အခုလိုချပစ်သည်ဟုထင်မိလေ၏။ သို့နှင့် သူစာတစ်စောင်ပို့ပြီးမေးလိုက်သည်။
[ခင်ဗျားဘယ်အချိန်ပြန်လာမှာလဲဟင် ]

ရှောက်ချန်ပြန်မလာခင် အိမ်သန့်ရှင်းရေးလုပ်ထားပြီးဟင်းကောင်းကောင်းချက်ထားမည်။ အန်တီဖန်းကဒါတွေအကုန်လုပ်နိုင်သော်လည်း ရှောက်ချန်အတွက်သူသာလုပ်ပေးချင်မိသောကြောင့်ပင်။

နာရီဝက်ခန့်မျှကြာပြီးနောက်ရှောက်ချန်ဖက်ကစာပြန်ပို့လာ၏။
[နောက်မှ]

နောက်မှ? အခုပဲ ခုနစ်ရက်တောင်ရှိနေပြီ။ ရှောက်ချန်ပြန်မလာသေးဘူးဆိုတော့ ပိုင်ယန်စိတ်ဓာတ်ကျသွားမိလေသည်။ သို့ပေမယ့်လည်း သူစိတ်ပြန်တင်းပြီးစာပြန်ပို့လိုက်၏။
[ကောင်းပြီလေ။ ခင်ဗျားကိုအိမ်မှာစောင့်နေမယ်  ]

    [မင်းကိုပြောစရာရှိတယ် ]
ရှောက်ချန်ကရုတ်တရက်ဆိုသလိုစာထပ်ပို့လာ၏။

ပိုင်ယန်ကသိချင်သွားမိကာ-
[ဘာကိစ္စလဲဟင်]

ဖုန်းထဲတွင်တစ်ဖက်လူကစာရိုက်နေသည်ဟုပြနေ၏။ ငါးမိနစ်လောက်ကြာမှ ရှောက်ချန်ဆီကစာရောက်လာသည်။

Affection[Complete]Where stories live. Discover now